Sep 3, 2009

ငါး

zazzle.com
ငါး

ပင်လယ်ပြင်ကိုငေးကြည့်နေမိတဲ့ တနေ့
ငါးလေးတကောင် အနားမှာလာထိုင်ပြီး သူ့အကြောင်းပြောပြခဲ့တယ်
ရေကူးဝါသနာဆိုတာမသိဘူး တသက်လုံးကူးခတ်ခဲ့ရတယ် .. တဲ့
နီးကပ်တယ်ထင်ရတဲ့ လရိပ်ဟာလည်း ဝေးတာပါပဲ .. တဲ့
တည်ငြိမ်တဲ့ရေပြင်အောက်မှာလည်း ဝဲဂယက်တွေရှိတယ် .. တဲ့
နောက်ဆုံးတော့
ရေထဲက သူ့မျက်ရည်ကို ဘယ်သူမှ မမြင်နိုင်ပါဘူး .. ဆိုပြီး
အဝေးကြီးကိုထွက်သွားတယ် ဘယ်တော့မှပြန်မလာတော့ဘူး
ရေမကူးတတ်ပေမယ့် ငါလည်း ငါးတကောင်ပါပဲ ဆိုတဲ့အကြောင်း
ပုလင်းလွတ်တလုံးထဲ ထည့်မျှောလိုက်တယ် သူဖတ်ရမှာပါ။

တင်မင်းထက်

(အိန္ဒြာ ရဲ့  ငါးပြတိုက် ကအပြန်၊ ငါးတကောင်နဲ့ တွေ့ခဲ့ပါတယ်။)

11 comments:

Julian September 3, 2009 at 1:33 PM  

သဘောကျတယ်

ဒီစာကြောင်းလေး

ရေထဲကသူ့မျက်ရည်ကိုဘယ်သူမှမမြင်နိုင်ပါဘူး......

ဖတ်ရင်းမျက်ရည်ဖြစ်ခွင့်မရနိုင်အောင်အငွေ့ပျံသွားတဲ့ ကိုယ်တို့ရဲ့ခံစားချက်တွေကိုလည်း

ဘယ်သူမှမမြင်နိုင်ဘူးထင်ရဲ့


ဂျူ

Anonymous,  September 3, 2009 at 7:19 PM  

သိပ်ကောင်းတယ်လို့ပဲ ပြောပါတော့မယ်..

ပုလင်းငယ်တစ်လုံး ကမ်းခြေမှာ.. သူကောက်ရပါစေ။

Anonymous,  September 3, 2009 at 7:37 PM  

ကဗျာလေးက လှတယ် ...။
သဘောကျမိပါတယ် .....။

Z

MANORHARY September 3, 2009 at 7:38 PM  

မျောလွှတ်လိုက်တဲ့ပုလင်းလေးနဲ့အတူ
ကိုယ်ပါပါသွားခဲ့တော့တာ
မျက်ရည်တွေ ဘယ်သူမှမမြင်နိုင်အောင်ပေါ့
အဲဒီပင်လယ်ပြင်ထဲ လရောင်ရဲ့ညှို့ငင်မှုတွေနဲ့
ကိုယ်လည်းကူးခတ်နေဆဲ ဒီနေ့ထိ
ပြန်လမ်းလည်းမရှိတော့...

ဆောင်းယွန်းလ September 4, 2009 at 10:32 AM  

နောက်ဆုံးတော့
ရေထဲက သူ့မျက်ရည်ကို ဘယ်သူမှ မမြင်နိုင်ပါဘူး .. ဆိုပြီး
အဝေးကြီးကိုထွက်သွားတယ် ဘယ်တော့မှပြန်မလာတော့ဘူး

ကြိုက်တယ်ဗျာ

thitkaungeain September 5, 2009 at 11:26 AM  

ဒီငါးကတော့ အိမ်သူက နုတ်နုတ်စင်းပြီး
ချက်စားခံရတော့မှာ မြင်ယောင်တယ်

pandora September 6, 2009 at 11:39 AM  

ဒီကဗျာလေးက ရင်ထဲကို ထိတယ်။ အဲလိုကဗျာမျိုး ကျနော်ကြိုက်တယ်။

လင်းဒီပ September 6, 2009 at 10:13 PM  

ရေးမကူးတတ်ပေမယ့် ငါးဟာ ငါးသဘာဝ ငြင်းဆန်မရ ကူးခတ်နေခဲ့ရတယ်..ငါး ဟာ ငါး ပါပဲလေ..။

Anonymous,  September 11, 2009 at 9:45 PM  

ငါဟာ ဖန်အိုးထဲက ငါး တစ်ကောင်ဖြစ်ခဲ့တယ်။ Kထက်

Moe Cho Thinn September 26, 2009 at 5:52 AM  

အနောက်ဖက် ကမ်းခြေက ငါးလေးတကောင်က အဲဒီပုလင်းလေးထဲက စာလေးကို သူ့အကြေးခွံလေးထဲမှာ သိမ်းထားလိုက်သတဲ့။

ရွှေရတုမှတ်တမ်း September 28, 2009 at 11:08 AM  

ငါးတော့ငါးပါပဲ
ရေထဲကငါးတော့မဟုတ်ဘူး
အအေးခန်းထဲမှာမွန်းကြပ်ပိတ်မိနေတဲ့ငါး

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP