Nov 11, 2009

Green Memory (8)

ဘွဲ့နှင်းသဘင်ခန်းမ

သူ့ဆီရောက်အောင်လာခဲ့ပြီးမှ
သူနဲ့ခွဲခွာဖို့ကြိုးစားကြရပြန်တယ်
သံသားတွေ ဓားဖြစ်ဖို့

တင်မင်းထက်
၂ဝဝ၉

5 comments:

pandora November 11, 2009 at 7:57 PM  

သံသားတွေ ဓားဖြစ်ဖို့ တဲ့လား...

ဓားဘ၀မရောက်ခင် အသိမ်းခံလိုက်ရပြီး သံချေးတက်နေတဲ့ သံသားတွေ သတိရသွားတယ်

ဓားဖြစ်သွားတဲ့ ဓားတွေလည်း ဆက်လက် ထက်မြက် ခုတ်ဖြတ်နိုင်ကြပါစေ...

ဘွဲ့နှင်းသဘင်ရဲ့ မျက်နှာဟောင်းဟောင်းကြီးကိုလည်း လွမ်းမိတယ်..

Anonymous,  November 11, 2009 at 10:42 PM  

http://www.khitpyaingnews.org/news/Nov09/111109b.php

MANORHARY November 11, 2009 at 11:37 PM  

တချို့တွေက ဓားဖြစ်ခဲ့တယ် ခုတ်ခွင့်မရဘူး ပြန်တုံးသွားတယ်
တချို့တွေက ဓားမဖြစ်လိုက်ကြဘူး သံတုံးအဖြစ်နဲ့ပဲကျန်ခဲ့တယ်
အပူရှိန်ပြင်းပြင်းကိုဖြတ်ကျော်ခဲ့ပြိးမှတော့ အသိမ်းခံထားတရတဲ့
သံချေးတက်ဓားတစ်လက် အဖြစ် တုံးမသွားချင်တာ အမှန်ပဲ ..
အဲဒိအတွက် နေ့ရက်တွေကို အချိန်တွေကို အပိုင်းပိုင်း
ခုတ်ထစ်ပစ်လိုက်တယ် .............

မမသီရိ November 12, 2009 at 10:07 AM  

ထွက်တဲ့ဓါးတိုင်း ထက်ခဲ့မယ်ဆို ဘယ်လောက်ကောင်းမလဲ နော်
ဒါပေမဲ့... ပြယုဂ်ကသာ လှနေပြီးတော့ အနှစ်နည်းပါးနေတဲံ့
မ်ြန်မာ့ပညာရေးလောကကြီးက
အဲဒီဘွဲ့နှင်းသဘင် ခန်းမကြီးတက်ပြီး ဘွဲ့ယူကြတာ အကုန်လုံး တန်ရဲ့လားလို့ တောင် သံသယ ဖြစ်နေရတော့တယ်

ကိုလူထွေး November 29, 2009 at 9:57 PM  

"သံသားတွေ ဓားဖြစ်ဖို့" ဆိုတဲ့ အဖွဲ့ကို ကြိုက်တယ်ဗျာ...

းဝ)

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP