Apr 7, 2010

မီးခိုးရောင်

 Clyfford Still (Gray Painting 1952)
မီးခိုးရောင်

၅ နာရီ ၂ဝ အိပ်ရာထ
တလောကလုံး မီးခိုးရောင် ...

မီးခိုးရောင် မိုးရေထဲ ဖြတ်ပြေးသွား
မီးခိုးရောင် ဘူတာလေးဆီ ...

တကယ့်တကယ်ဆို
အနီရောင် ကောင်းကင်ကို
အပြာရောင် ပြန်သုတ်ပေးချင်သူပါ ...

တကယ့်တကယ်ဆို
အစိမ်းရောင် စစ်စစ်တွေသာ
စိုက်ပျိုးပေးခဲ့ချင်ပါတယ် ...

တကယ့်တကယ်ဆို
ကလေးလေးတွေအတွက်
အဖြူရောင် ခံတပ်တွေဆောက်ချင်တယ် ...

တကယ့်တကယ်ဆို
အဝါရောင် သစ္စာပန်းတွေက
ထွန်းလင်းတောက်ပဆဲပါ ...

ရောင်စုံအိပ်မက် နည်းနည်းကို
အံဆွဲထဲ ထည့်သိမ်းထားရင်း
မီးခိုးရောင် စားပွဲမှာတနေ့တာ
မီးခိုးရောင် ညနေတခုကို စောင့်စားရင်းလေ ...

တင်မင်းထက်
၁၇.ဝ၂.၁ဝ

Idea Magazine 2010 Apr

10 comments:

Zephyr April 7, 2010 at 8:06 PM  

တကယ့်တကယ်ဆို
ကလေးလေးတွေအတွက်
အဖြူရောင် ခံတပ်တွေဆောက်ချင်တယ် ...

အဲဒီစံပယ်တွေပွင့်တဲ့ကျောင်းလေးမှာ ...
အနက်ရောင် ပိတုန်းတွေ ပျံဝဲခွင့်မပြုနိုင်ဘူး။

ဂျစ်တူး ( မုံရွာ ) April 8, 2010 at 2:49 AM  

ဖတ်တော့ဖတ်တယ်-
သုံးလေးခေါက်ကိုဖတ်သွားမိပါတယ်-
ဒါပေမဲ့ တချို့ ကိုနားမလည်မိဘူး-
ဘာကိုဆိုလိုချင်မှန်းမသိဘူး-
ရှင်းပြပေးပါလားဗျာ-
အရမ်းစိတ်ဝင်စားလို့ ပါ-

ပွင့်မြုးဇင် April 8, 2010 at 7:11 AM  

ကျွန်တော့်စားပွဲကတော့ အညိုရောင်ကြီးရယ်..

sonata-cantata April 8, 2010 at 1:07 PM  

မီးခိုးရောင်ဆိုတာ
ဒီက ဘ၀ထဲမှာ
ယောင်လို့တောင် အရောင်စာရင်းထဲ မသွင်းခဲ့တဲ့ အရောင်ပါဗျာ...
တနေ့ကပဲ သတိရလို့
ပျောက်ဆုံးနေတဲ့ ဘ၀ကို
အလူးအလဲ ပြူးပြဲရှာမိတော့...
လား..လား...
ဘယ်လာတွေ့ပါ့မလဲ
သူက
မီးခိုးရောင်တွေနဲ့ ပလူးပလဲနေတာကိုး...။

ခင်မင်စွာဖြင့်
မသီတာ

Anonymous,  April 8, 2010 at 10:24 PM  

ကလေးတွေအတွက်
အဖြူရောင်ခံတပ်တွေဆောက်တဲ့ လက်ဖြစ်ချင်တယ်
မီးခိုးရောင်တွေရဲ့ ပလူးပလဲလာလာလုပ်မှုကို
ရှောင်ရင်းတိမ်းရင်း ...
MNHY

ShwunMi- April 9, 2010 at 5:56 AM  

အရောင်နုနုလှလှလေးတွေကို အစုံရောမွှေပစ်လိုက်ရင် မီးခိုးရောင်ရတယ်..

Sint Si April 9, 2010 at 9:20 AM  

That's life. I wish brighter days (future) for the children.

littlebrook April 12, 2010 at 3:15 PM  

ကျွန်တော်ကောမန့်ရေးမလို့ သို့သော်
အပေါ်ဆုံးကို zephyr ရေးထားတာက
ပိုလှတယ် .. ကျွန်တော့်စိတ်ထဲလည်း အဲ့အတိုင်းပဲမို့
မရေးနိုင်တော့ဘူး ..

နေ့ သစ် April 25, 2010 at 7:45 PM  

မီးခိုးရောင် ... ။

သွယ်လင်းဆက် May 19, 2010 at 7:22 PM  

နေရာတိုင်း တွေ့နေသလိုပဲ ဒီကဗျာလေ။ ကြီုက်၏ အကို။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP