စကားပင်
သေသွားတဲ့ စကားပင်လေးကို
အဝေးက ငေးကြည့်နေမိတယ်
ကျွန်တော်မမေ့သေးပါဘူး
သူ့ရဲ့ရနံ့လေးတွေနဲ့ မနက်ခင်း
အဖြူတဝက် ခရမ်းတဝက် အပွင့်လေးတွေ
လတ်ဆတ်ဆဲသစ်ရွက်တိုးသံလေးတွေ
ဒါပေမယ့် ဘယ်သစ်ပင် သစ်သီးကရော
တသက်လုံး ဖူးပွင့်နေနိုင်မှာတဲ့လဲ
ကျွန်တော်မရောက်ဖြစ်တဲ့ မနက်ခင်းတခုမှာ
သူသေသွားခဲ့ပါပြီ
ကျွန်တော်တယောက်အတွက်ကတော့
သူသေဆုံးသွားခဲ့ပါပြီ
ကျွန်တော်ရဲ့ ပြတင်းပေါက်တခြမ်းမှာတော့
သူတကယ်သေဆုံးသွားခဲ့ပါပြီ
အခြားကမ္ဘာဘက်ခြမ်းမှာတော့
သူ့အပွင့်လေးတွေ ဝေနေဆဲလား
သူ့သစ်ရွက်လေးတွေ ရီမောနေဆဲလား
တကယ်ကို မသိနိုင်တော့ပါ
ကျွန်တော်လမ်းလျှောက်နိုင်တဲ့ တနေ့ကြရင်တော့
သူ့အနားကို သွားနှုတ်ဆက်ရင်းနဲ့
အေးစက်တဲ့ သူ့ရဲ့ လက်လေးတခက်မှာ
ဆည်းလည်းလေးတလုံး ချိတ်ပေးချင်ပါတယ်
တင်မင်းထက်
ဇူလိုင် ၂ဝ၁၁
4 comments:
စကားပင်ကလေး
သေသွားတဲ့ စကားပင်ကလေး
ပြန်တွေ့ဖို့ဆိုတာ နောက်ထပ် တစ်ကမ္ဘာမှာလား ။
ငထက်..
လှနေတုန်းပဲ...
အရင်ကအတိုင်း.. ကဗျာတွေ လှနေတုန်းပဲ..
ကဗျာစိတ်က ရိုးသားနူးညံ့နေတုန်းပဲ..။
ဒီကဗျာလေးလည်း ချစ်လိုက်တာ...
စကားပင်လေးရဲ့ ဆည်းလည်းသံကို ကြားတယ် ..
ကျွန်တော်ရဲ့ ပြတင်းပေါက်တခြမ်းမှာတော့
သူတကယ်သေဆုံးသွားခဲ့ပါပြီ
အခြားကမ္ဘာဘက်ခြမ်းမှာတော့
သူ့အပွင့်လေးတွေ ဝေနေဆဲလား
Post a Comment