Feb 14, 2012

ချစ်သူများ

ကိုယ်ကချစ်တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ
ကိုယ့်ကိုချစ်တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ
မညာတမ်းရေတွက်ကြည့်တဲ့အခါ
တစုံတရာဟာ သေချာခဲ့ပါတယ် ...

ပြည်သူကချစ်တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ
ပြည်သူကိုချစ်တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ
ရေတွက်ကြည့်ရဲရင်
တဖက်သတ်အချစ်ကို ငြင်းချက်ထုတ်နိုင်မယ် ...

တင်မင်းထက်
(၁၄.၀၂.၁၂)

3 comments:

လင်းဒီပ February 14, 2012 at 11:36 PM  

ချစ်ခြင်းမေတ္တာကို စစ်တမ်းကောက်ကြည့်ပြီးတဲ့နောက်
ကိုယ် ဘယ်လိုလူဆိုတာ သေချာစေခဲ့တယ် ။
ကိုယ် ဘယ်ကိုသွားနေတယ်ဆိုတာ သိလာစေခဲ့ပါတယ် ။

Thandar Lwin March 7, 2012 at 2:30 PM  

ပြည်သူ့ ကို
ပြည်သူ က
တဖက်သတ် ချစ်တဲ့သူ မရှိပါ ...း)
အဓိပါယ်ရှိတဲ့ ကဗျာလေး.....း)

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP