ရေသေ
တခြားသူတွေလိုပါပဲ
ကိုယ့်ဖာသာပြန်တည်ဆောက်ရင်း ပျောက်ဆုံး
ရန်သူနဲ့ မိတ်ဆွေမသဲကွဲတော့တဲ့အခါ
ကျောချင်းကပ်ထားရမှလား ကျောခိုင်းသွားရမှာလား
ပဲ့တင်သံကြားသမျှ လိုက်ပဲ့တင်နေမိတော့
ဆိုစရာသီချင်းသစ်လည်း မရှိတော့
ပျောက်ဆုံးရင်းနောက်တခါ ပြန်တည်ဆောက်
တခြားသူတွေလိုပါပဲ
တင်မင်းထက်
၂၃၀၁၁၃
2 comments:
တိတ်ဆိတ်တဲ့စကား
ကန့်သတ်ထားတဲ့ကောင်းကင်ထက်
ပြစ်ဒဏ်သင့်လိပ်ပြာများပမာ
စကားလုံးတွေ ယောက်ယက်ခတ်
တေးမသီနိုင်တဲ့နေ့ရက်တွေ။
ကိုတင်မင်းထက် ကဗျာအဟောင်းလေးတပုဒ်တွေလို့ အမှတ်တရ ပြန်ရိုက်ပေးလိုက်တာ
ပျော်ရွင်ပါစေ...
ကဗျာအဟောင်းလေးတွေကို မှတ်မိနေတဲ့ သူတွေ တွေ့ရင် တော်တော်ပျော်တယ်။
Post a Comment