Apr 21, 2014

ပျင်းတဲ့သီချင်း

မနက်တုန်းက လေပြည်
ညနေကျတော့ လေပြင်း
မိုးရွာမလိုလိုနဲ့
မီးခိုးပူတွေသာရောက်လာခဲ့။

အဖြစ်အပျက်အားလုံးက
အချိတ်အဆက်တွေ တိကျနေရင်
အချိုပင်စိုက်လိုက်တိုင်း
အသီးတွေ သိပ်ချိုနေကြရင်
လမ်းတွေအားလုံးက
ရောမကိုပဲ ရောက်နေကြရင်
သိပ်ပျင်းစရာမကောင်းဘူးလား။

တောကျီးကန်းလေးအော်နေတယ်
ရေခဲသေတ္တာတလုံးထဲမှာ။

တင်မင်းထက်
၂၀၁၄

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP