Mar 9, 2010

စင်္ကာပူမှာလုပ်သည်

စင်္ကာပူမှာလုပ်သည်

အလကားဝေတဲ့ သတင်းစာကို
ရထားအလွတ်ခံပြီး တန်းစီလိုက်တယ်။

ကြော်ငြာများတယ် သတင်းရှားတယ်
အားလုံးကို လျှော့ဈေးနဲ့ရောင်းမယ် ... တဲ့။

ဒီနှစ်မှာ အမြတ်စံချိန်တင်မယ်ဆိုတဲ့ ရထားတွေကျပ်တာ
နိုင်ငံခြားသားအလုပ်သမားတွေကြောင့် ... တဲ့။

တရုတ်လုပ် ဘရန်းဒတ်အတုတွေကို ဖမ်းလိုက်တာ
တရုတ်ထုတ် ဘရန်းဒတ်အစစ်တွေကို ကာကွယ်ဖို့ ... တဲ့။

အရင်တပတ်ကနိုင်လို့ ချန်ပီယံဖြစ်မယ်ဆိုတဲ့အသင်း
မနေ့ကရှုံးတော့ ရာသီကုန်အတန်းဆင်းရမယ် ... တဲ့။

ကာဆီနိုအသစ်ကြီးမှာ ဒါလီရဲ့အနုပညာရှိတယ်
ခြေတန်ရှည်ဆင်ရုပ်ဟာ ခွန်အားနဲ့နည်းပညာ ... တဲ့။

ဒီကဗျာခေါင်းစဉ်ကို မြင်ဖူးသလိုများဖြစ်နေသလား
စင်္ကာပူမှာ ဒါမျိုးတွေရိုးနေပြီ ... တဲ့။

တင်မင်းထက်
ဝ၉.ဝ၃.၁ဝ

11 comments:

သက်ဝေ March 9, 2010 at 12:31 PM  

မိုက်တယ်ဗျာ...
ဒါမျိုးတွေ များများရေးပါ...း))

MrDBA March 9, 2010 at 1:23 PM  

ခံစားလို့ရတယ်ဗျာ .. ကြိုက်တယ်။

ရွှေရတုမှတ်တမ်း March 9, 2010 at 1:44 PM  

ကောင်းတော့ကောင်းပါရဲ့..ဘယ်ပျောက်ပျောက်နေမှန်း မသိတာခက်တယ်...

tin min htet March 9, 2010 at 1:49 PM  

မသက်ဝေ နဲ့ ကိုဒီဘီအေ ကျေးဇူးပါ။

လူပျိုကြီး ကိုကျောက်ခဲကိုတော့ ကိစ္စများမြောင် လူတို့ဘောင်ဆိုတာကို ဘယ်လိုရှင်းပြရမှန်း မသိတော့ဘူး။
(တကယ်ကတော့ သားနဲ့ ကွန်ပျူတာ လုလို့ မရတဲ့အတူ မဟာမိတ်ဖွဲ့ပြီး ဂိမ်းလိုက်ဆော့နေတာ :P)

ဂျစ်တူး ( မုံရွာ ) March 9, 2010 at 2:32 PM  

ကဗျာကလေးကကောင်းတယ်
ဒါပေမဲ့-
တိုလွန်းအားကြီးတယ်-
ဂိန်းဆော့ရင်းနဲ့ရေးဗျာ-

မိုးစဲနေ March 9, 2010 at 3:33 PM  

စင်္ကာပူရ ခံစားချက်တွေ ရေးပါဦး..

nyimg March 9, 2010 at 3:56 PM  

Casino က ဆင် က ယတြာချေထားတာဆိုပဲဗျ။ သူက ဒီလိုရေးထားတယ်။ fengshui အရ...
The elephant refer to u, or to someone that's rich, all mighty and
with a lot of cash. The legs of the elephants are long....and high up,
meaning high rollers will come. But the top body of the elephant has a
pyramid metal structure that can be found replicated at 6 spots on top
of the fountains of wealth atop the casino entrance. The pyramid is
RWS.....sitting on top of u, the elephant. No way u will not follow
the 'qi' of RWS presented to u.....

Anonymous,  March 9, 2010 at 5:21 PM  

စီကာပူမှာ........

ကိုအောင် March 9, 2010 at 8:52 PM  

ကဗျာလာဖတ်တယ် ကိုတင်မင်းထက် အားပေးလျက်။

Zephyr March 10, 2010 at 12:29 AM  

စင်္ကာပူမှာလုပ်သည်ကို အားပေးသည်။
ခင်မင်စွာဖြင့် ...
Zephyr

သွယ်လင်းဆက် March 13, 2010 at 6:36 PM  

သရုပ်မှန် ကွတ်တိပဲ။ :) ကြိုက်တယ်။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP