Mar 19, 2013

တောင်ပံတဖက်


ကျွန်တော့်အဖိုးဟာ
မန်းလေးဘက်က ရွာလေးတရွာမှာ
သူကြီး
စစ်အပြီးမှာ မြို့ လေးကိုတက်လာခဲ့
ကျွန်တော့်ရဲ့ 
အရိုက်အရာ ပျောက်ဆုံးခန်းပေါ့။

အဖေတို့ ခေတ်ကျတော့
သားတွေ ပညာရေးဟာ
ရန်ကုန်ဆိုတဲ့ မြို့ လေးမှာ
အကောင်းဆုံးပါလို့ ယူဆခဲ့။

ကျွန်တော့်အလှည့်ကျ
ဘာအတွက် ညာအတွက်တွေ
မမှတ်မိတော့လောက်အောင်
စင်္ကာပူဆိုတဲ့ ကျွန်းလေးမှာ
ကုတ်ကပ်။

ဒီမနက်
စာမေးပွဲပြီးသွားတဲ့ သမီးက
ပျင်းပျင်းနဲ့  စမ်းလုပ်ကြည့်နေတာတဲ့
တောင်ပံတဖက်ကတော့ လှပစွာ။

တင်မင်းထက်
ဝဝ၃၁၃

(ရထားပေါ်မှာ)

3 comments:

johnmoeeain March 19, 2013 at 9:14 PM  

အပျံသင်ရင်း
ဝေးဝေးသွားတဲ့
အိမ်လေးကို
မြင်မြင်လာမိသလိုပဲ...

ဖမ်းဆုပ်ပြရခက်တဲ့ ခံစားချက်တစ်ခုနဲ့လေ...။

Win Naing March 26, 2014 at 5:28 PM  

ဒီကဗျာ ကျနော် ယူပါဦးမယ် ဆရာ ။

Win Naing March 26, 2014 at 5:28 PM  

ဒီကဗျာ ကျနော် ယူပါဦးမယ် ဆရာ ။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP