Mar 23, 2013

အခုတလော


သူတို့တွေ
ပါးစပ်အကျယ်ပြိုင်နေကြတာ
အမှတ်တမဲ့ငေးနေရင်း
သန်းဝေလိုက်မိ

အားလုံးရပ်တန့်
မျက်လုံးတွေက စူးစူးရဲရဲ

တကယ်သန်းဝေမိတာပါ
ပြိုင်ပွဲဝင်တာမဟုတ်ပါဘူး
ရှင်းပြမလို့ကြိုးစားနေရင်း
နောက်တခါသန်းဝေလိုက်မိ

မျက်လုံးတွေက ဆူဆူညံညံ
အားလုံး ပြိုင်ပွဲပြန်စ

ပါးစပ်တခုချင်းစီဟာ
နောက်ထပ်ပါးစပ်တခုကလွဲရင်
အရာအားလုံးထက် ကြီးမားကျယ်လောင်

သူတို့ မျက်လုံးတွေထဲမှာ
ကိုယ့်အရိပ်ကို ပြန်မြင်လိုက်ရ

အရေပြားထူထူနဲ့
မျက်လုံးသေးသေးလေးနဲ့
ပါးစပ်ဟပြီး သန်းဝေနေတဲ့
ရေမြင်းတကောင်

တင်မင်းထက်
၂ဝ၁၃

2 comments:

ညိုလေးနေ April 29, 2013 at 12:47 PM  

အခုတလော ဖတ်မိတဲ့အထဲ အကြိုက်ဆုံးကဗျာတစ်ပုဒ်ပဲ ။

တန်ခူး May 29, 2013 at 12:10 AM  

နောက်တခါ နေရာရွေးသန်းပေါ့ငါ့မောင်ရယ်. နို့ မို့ အထင်လွဲခံရဦးမယ်. အမတော့ ပါးစပ်ပြဲသူတွေနဲ့ ဝေးဝေးနေတယ်

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP