Jul 19, 2014

ထမင်းရည်ချောင်းစီး

ဇောရိုးရေ
မင့်းမျက်နှာဖုံးကြီးက အိုက်ပါတယ်
ချွတ်ထားပြီးမှ အေးဆေးပြောကြရအောင်။

တရားတာ မတရားတာထက်
စီးပွားရှာတယ်ဆိုမှတော့
ပိုက်ဆံရအောင် လုပ်ရတာပေါ့ကွာ။

မင့်းဓားကြီးလည်း ချထားပါဦး
မတော်တဆ ထိရှနေပါ့မယ်
ရွှေတွေငွေတွေ ဆိုတာကလည်း
ဘဏ်မှာပဲထားကြတာ မဟုတ်လား။

ဪ ဆင်းရဲသားတွေဝေချင်တာများ
ဒီလောက် မစွန့်စားစမ်းပါနဲ့
မင့်းလူတွေ စာရင်းလေးသာပေးခဲ့ပါ
ကိုယ့်မှာ ဖောင်ဒေးရှင်းကြီးရှိပါတယ်။

မျက်နှာပန်းလှပြီး လူချစ်မယ့်
ခေါင်းစဉ်လှလှလေးတွေ ရှိရင်လည်း
ကြုံတုန်းပေးခဲ့စမ်းပါကွာ
ကိုယ်လည်း အိုင်ဒီယာရတာပေါ့။

တင်မင်းထက်
၂၀၁၄

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP