Jul 19, 2014

တစ်တီတူး

တီဗွီထဲမှာ မီးတွေစလောင်တော့
ရှေ့ကားရဲ့အိတ်ဇောငွေ့တွေကြား
ဘတ်စ်ကားက တိုးဝင်သွားချိန်။

မီးသတ်ကားတွေ ရောက်လာခန်းက
ခေါင်းပေါ်ကို စင်ကျလာတဲ့
အဲကွန်းရေစက်တွေနဲ့ တပြိုင်ထဲ။

မီးစွဲနေတဲ့တိုင်လုံးကြီး လဲကျလာတော့
ကိုယ့်ပေါ်များ ပြုတ်ကျလာမလားဆိုပြီး
ရှေ့ခုံနဲ့ ကွယ်ထားမိတယ်။

ဘတ်စ်ကားကလည်း မောင်းနေဆဲ
တီဗွီထဲမှာ မီးတွေလောင်နေဆဲ
ကိုယ့်ထိုင်ခုံမှာကိုယ် ဇက်ကိုပုထားဆဲ။

တင်မင်းထက်
၂၀၁၄

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP