Jul 22, 2009

ဘဝ နဲ့ ထိုင်ခုံ

လူ့ဘဝကား
အိပ်မက်မျှသာဖြစ်၏
သစ်ပင်ပျိုပင်စည်၌
ထိုစာပိုဒ်အားတွေ့ရမည်
ငါရေးသားခဲ့ခြင်းဖြစ်ပေသည်။
(ခရီး၊ အောင်ချိမ့်)

ဘဝဆိုတာကို အဓိပ္ပာယ် မဖွင့်တတ်ပါ။ အဲဒီတော့ ဘဝ အကြောင်း မပြောတော့ဘူး။ ထိုင်ခုံတွေ အကြောင်းပြောမယ်။ ဘဝဆိုတာလည်း ပါချင်သေးတော့ ကိုယ့်ဘဝအတွက် ဘယ်ထိုင်ခုံကို ရွေးမလဲ ပြောကြရအောင်။

တချို့တွေက ကမ်းခြေမှာ ပက်လက်ကုလားထိုင် ကလေးနဲ့ နေဆာလှုံနေချင်တယ်။ တချို့တွေကတော့ ပြိုင်ကားထိုင်ခုံ၊ လေယာဉ်ထိုင်ခုံမှာ ထိုင်လို့ စွန့်စားချင်သေးတယ်။

တချို့ကလည်း ဆုံလည် ကုလားထိုင်ကြီးနဲ့ ရုံးခန်းကျယ်ကြီးမှာ ထိုင်ချင်တယ်။ မှန်ပြတင်းက လှမ်းကြည့်လိုက်ရင် ကိုယ်ပိုင်တဲ့ စက်ရုံ (ဒါမှမဟုတ်) ကုန်တိုက်ကြီး လှုပ်ရှားနေတာကို မြင်နေရမယ်လေ။ နာမည်ကြီး ဘောလုံးအသင်းတွေရဲ့ မန်နေဂျာခုံကိုတော့ "ထိုင်ခုံပူ" တဲ့။ ကြာကြာထိုင်နိုင်ဖို့ ခက်တယ် မဟုတ်လား။

ကိုယ့်ဥယျာဉ်လေးမှာကိုယ် ရေလောင်းပေါင်းသင်၊ ပြီးရင် သစ်ပင်ရိပ်အောက်က ခုံတန်းမှာ အနားယူ။ မြင်ရတာ အေးချမ်းလှပါတယ်။ ဒီလို တသက်လုံး နေနိုင်သလားလို့ ကိုယ့်ဖာသာ ပြန်မေးကြည့်မိတော့
ဖြေရခက်ပြန်တယ်။

လောလောဆယ်မှာတော့ အမြင့်ကြီးမဟုတ်တောင် အသင့်အတင့် ထိုင်ခုံ တလုံးမှာ ထိုင်ရဖို့ လှေကားတွေ တက်ရဦးမှာပါ။

ဒါပေမဲ့ သေချာတာ တခုကတော့ "ရေပွက်ပမာတသက်လျာ" မှာ ကိုယ်တယောက် သက်တောင့်သက်သာ ရှိဖို့ အတွက်နဲ့တော့ ဒီလိုခုံမျိုးတော့ မထိုင်ချင်ပါ ..
.
   The Throne of Weapons
   Created by Mozambican artist Kester 
.
(ကိုအောင်သာငယ်က ဘဝအကြောင်းရေးပါ ဆိုတာ
ထိုင်ခုံအကြောင်းဖြစ်သွားတယ်။ ခွင့်မလွှတ်လိုက်ပါနဲ့)

6 comments:

MANORHARY July 23, 2009 at 12:36 AM  

ကိုယ့်အကိုကိုယ်စားခွင့်လွှတ်ခဲ့တယ်
တူတူပဲကိုး
ဘဝဆိုတာလည်း ထိုင်ခုံပဲး(
တချို့ဘဝတွေက ခြေလေးချောင်းမပါလာဘူး
တချို့ဘဝတွေက ထိုင်ခင်းပါမလာဘူး
တချို့ဘဝတွေက ခြေထောက်တွေတစ်ချောင်းပြီးတစ်ချောင်းကျိုး
တချို့ဘဝတွေက.............
....................................
...........

Anonymous,  July 23, 2009 at 2:06 AM  

ဗိုထက်..

စာရေးကောင်းပါ့ဗျာ..များများရေးပါဗျို့..

နေလင်း

မေငြိမ်း July 23, 2009 at 2:22 AM  

:)
လူကြည့်တော့ ရိုးပုံရိုးပန်းနဲ့ ဒီလိုလည်း စောင်းမြောင်းရေးတတ်သား.. :P

Sonata Cantata July 24, 2009 at 9:58 AM  

ထိုင်ခုံကြီးက အမိုက်စားကြီးပါလား

ATN July 26, 2009 at 4:26 AM  

အင်း... ကဗျာဆရာရေ့ ကျေးဇူးပါ့...
ဘ၀ဆိုတာ ထိုင်ခုံတခုမှန်း ခုမှပဲ သိတော့တယ်...
စာတွေရေးပါဦး...

Moe Cho Thinn July 27, 2009 at 12:54 PM  

အဲဒီထိုင်ခုံက သေနတ်တွေ ပေးပါ။ :))

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP