Dec 26, 2009

သိုက်


Photo: organizationquest.com

သိုက်

သိုက်ကလာတဲ့ ကလေးတွေဟာ
ရုပ်ရည်လှပ၊ လာဘ်ကလည်းရွှင်
လူချစ်ခင်ကြသတဲ့ ...။

တာမွေမှာမွေးပြီး
လျှာလေးနည်းနည်းရှည်တဲ့ သမီးက
ငှက်သိုက်ကလာတာဖြစ်မယ်
တချိန်လုံး ပိကျိပိကျိနဲ့ပါပဲ။

ကျောက်ကုန်းမှာဖွားလို့
မျောက်ရှုံးအောင်ကစားတဲ့ သားက
ကြွက်သိုက်ကလာတာထင်တယ်
တအိမ်လုံး ရှုပ်ပွနေတော့တာပဲ။

အပျော်လွန်လို့ ငိုလိုက်ကြ
အငိုလွန်လို့ ရီလိုက်ရနဲ့
မိသားစု အသိုက်လေးမှာ
ရွှေမန်ကျီးသီးတောင့်တွေ မလိုပါ။

တင်မင်းထက်
ဒီဇင်ဘာ ၂ဝဝ၉

13 comments:

Pwint Myue Zin December 26, 2009 at 10:05 AM  

Ha Ha... Nice... very nice poem... so u r a father of a bird and a mouse... may b two of them are tweety and mickey for you... Let me post your poem in face book...

Phannaywon December 26, 2009 at 12:20 PM  

ရုတ်တရက် "သိုက်" ဆိုတာမြင်လိုက်လို့
ဝင်ဖတ်ကြည့်လိုက်ရာ.......
Link လေးယူမိသွားပါကြောင်း.....:)
ခံစားချက်ရေးနည်းသင်ပေးပါအစ်ကို...:)

MANORHARY December 26, 2009 at 12:32 PM  

အိမ်မှာလည်း ဘယ်သိုက်ကလာမှန်းမသိတဲ့
ရွှေရောင် နဂါးလေးတစ်ကောင်ရှိတယ်
ကျားတစ်ကောင်လိုလည်းသောင်းကျန်းသေးရဲ့း)

ရွှေရတုမှတ်တမ်း December 26, 2009 at 3:56 PM  

သိုက်ချုပ်ဘိုးဘိုးကြီး...နေကောင်းလား

kay December 26, 2009 at 5:40 PM  

သိုက်နန်းရှင် သခင်မ က ရော..း))

မမသီရိ December 26, 2009 at 7:10 PM  

ချစ်စရာ မိသားစု အသိုက်လေးရှိနေရင်
ဘာရွှေမန်ကျီးသီးတောင်တွေ လိုတော့မှာလဲ နော်

နွေဆူးလင်္ကာ December 26, 2009 at 8:57 PM  

လှလိုက်တဲ့ ကဗျာလေးဗျာ။

:P December 26, 2009 at 11:31 PM  

ချစ်စရာ ကောင်းလိုက်တဲ့ ကဗျာလေး

ksanchaung December 30, 2009 at 8:10 PM  

ကိုယ့်ဆရာကော ဘယ်သိုက်က လာတာလဲ။ သိချင်လို့။

T T Sweet December 30, 2009 at 11:47 PM  

အိုဘဲ့ သိုက်ဆရာ ... ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ ...

Moe Cho Thinn December 31, 2009 at 8:19 AM  

နင်ကတော့ သိုက်ဆရာလို့ ငါမထင်၊ မှော်ဆရာ ထင်ပါရဲ့။ အောင်လိုက်တဲ့ ကဗျာမှော်..။
ချစ်စရာကောင်းလိုက်တာဟယ်..

Anonymous,  January 5, 2010 at 11:44 PM  

ကိုတင်မင်းထက် ဘလော့ကို နေ့တိုင်းစောင့်ဖတ်ဖြစ်တယ် ။ အနုပညာနဲ့ ပတ်သက်ပြီး မှန်မှန် ၊ အနုပညာနဲ့ပတ်သက်ပြီး အစွန်းမရောက်ဘဲ ရေးနေတယ်လို့မြင်တယ် ။ ဖတ်စရာ၊ ကြည့်စရာတွေကို အချိန်ယူ အချိန်ပေးတင်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ် ။

ချစ်ကြည်အေး January 8, 2010 at 10:38 PM  

ကိုတင်မင်းထက်....ကျမလဲ နဂါးသိုက်က လို့ပြောတာပဲ....ဟီးဟီး၊ ရွှေအိုးကြီးတွေ ဘယ်နေရာမှာ တူးပါလို့ တခါမှလဲ အိပ်မက်ထဲ လာပြောဘူး...။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP