Jul 7, 2010

သင်္ဘောကျင်း


သင်္ဘောကျင်း

ပင်လယ်ကူးသင်္ဘောကြီးတွေကို
ငါးနှစ်တကြိမ် လွန်းတင်စစ်ဆေးသလိုမျိုး
ငါ့စိတ်ကို ပြန်ကြည့် ကြည့်ချင်တယ်
လှိုင်းဒဏ်ခံနိုင်အောင် အားဖြည့်ပြုပြင်ရင်း
ဆေးရောင်လှလှလေးလည်း ပြန်သုတ်ရင်းပေါ့ ...

တင်မင်းထက်
ဝ၇.ဝ၇.၁ဝ

11 comments:

khin oo may July 7, 2010 at 10:53 PM  

ဒေါက်တင်တာပေါ့။

johnmoeeain July 7, 2010 at 11:16 PM  

ခရီးတစ်ချို့ကို ရွက်လွင့်ပြီးတိုင်း
ကိုယ် ရော စိတ် ပါ ပြန်သုံးသပ်ဖို့ ကြိုးစားရဦးမယ်...။
ဘ၀ဆိုတာ သင်္ဘောကျင်းတစ်ခုလိုပေါ့..း)

Moe Cho Thinn July 8, 2010 at 3:49 AM  

ငါ့မှာတော့ သဘောင်္ကပဲ မခိုင်ခံ့တာလား မသိ၊ လှိုင်းတွေကလဲ ကြမ်းလွန်းတယ်။ ဆေးပြန်သုတ်တိုင်း အကောင်းအတိုင်း ဖြစ်ပါ့မလား တွေးမိတယ်။

ပွင့်မြုးဇင် July 8, 2010 at 5:41 AM  

မခိုင်ဘူးထင်ရင် bottom plate တွေပါလဲပစ်ဗျာ..

T T Sweet July 8, 2010 at 12:15 PM  

သုတ်ပေါ့ ... သုတ်ပေါ့ ... ကိုယ့်သင်္ဘော ကိုယ်သုတ်တာ ... အိုင်းရစ်လေပြေဦးလေး စိတ်ကြိုက်သုတ်နော် ...

တီတီဆွိ

ရွှေရတုမှတ်တမ်း July 8, 2010 at 8:37 PM  

ဆားငံရေထိရင်တော့ အောက်ကမီးမြှိုက်တာခံရမှာပဲ..

aungpaingsoe July 9, 2010 at 12:35 PM  

လှိုင်းဒဏ်လေဒဏ်ခံနေရတုန်းပဲ ကိုတင်မင်းထက်ရေ.......။

Anonymous,  July 9, 2010 at 2:11 PM  

ကိုနေမျိုးရဲ့ ပင်လယ်ကူးသဘောင်္ကြီးကို သွားသတိရတယ်
ရေချိုတွေဖြည့်လိုက် ဆေးသုတ်လိုက် ကြံခိုင်မှုတွေစစ်ဆေးလိုက် လောလောဆယ်တော့ ငါလည်း မောနေတယ် ...
မနော်

ဂျစ်တူး ( မုံရွာ ) July 12, 2010 at 7:43 AM  

အင်း---
ရင်ထဲကလာတဲ့ ကဗျာကလေးကိုကြိုက်သွားတယ်ဗျာ-

ဖြိုးအောင်,  July 13, 2010 at 9:23 PM  

ကျနော်ကတော့ ၅နှစ်တကြိမ်မဟုတ်ဘူး..
၂၅နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် သေသေချာချာ ပြန်လည်စမ်းစစ် ပြုပြင်နေပါတယ်။ ဒီနေ့ တပတ်တိတိပြည့်ပြီ။ ၂ပတ်အချိန်ယူပြီး အားမွေးဦးမယ်အကိုရေ။
ဒီတခါ ဝေးဝေးနဲ့ ကြမ်းကြမ်းခရီးကို နှင်ရမှာမို့လေ..

tin min htet July 13, 2010 at 10:53 PM  

မိတ်ဆွေသူငယ်ချင်းများ ပင်လယ်ကို ပျော်ပျော်ရွှင်ရွှင် အစုန်အဆန် ကူးဖြတ်နိုင်ကြပါစေ။

ကိုဖြိုးအောင် အစစ အရာရာ အဆင်ပြေပါစေဗျာ။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP