အိပ်မက်တိတ္ထုံ (လှေ)
အကြောင်းတစုံတရာ တိုက်ဆိုင်တာနဲ့
အိပ်မက်ဘာသာပြန်တချို့နဲ့ အိပ်မက်ဆန်တဲ့ဓာတ်ပုံတချို့ကို ပေါင်းစပ်မိပါတယ်။
သင့်အိပ်မက်တွေရဲ့ အဓိပ္ပာယ်ကို ဒီထဲမှာ ရှာတွေ့လိမ့်မယ် မျှော်လင့်ပါတယ် ..
တကယ်လို့ မတွေ့ဘူး ဆိုရင်လည်း ဖတ်ပြီးကြိုက်တဲ့ အိပ်မက်တခုခုကို ဒီနေ့ည မက်လိုက်ပါ ..
Credit to:
"The Hidden Agenda of Dreams" by Giorgio Davanzo
dreamhawk.com by Tony Crisp
dreammoods.com
uelsmann.com
pierrejahan.free.fr
Photo: Jerry N. Uelsmann
အိပ်မက် - ၁
လှေ
လှိုင်း၊ လေ၊ ရာသီတွေဟာ သင့်ရဲ့ လက်ရှိအခြေအနေကို ပြောပြပါလိမ့်မယ်။
လှိုင်း၊ လေ၊ ရာသီတွေဟာ သင့်ရဲ့ လက်ရှိအခြေအနေကို ပြောပြပါလိမ့်မယ်။
ကြမ်းတမ်းနေသလား၊ သာယာနေသလား သတိထားပြီးကြည့်လိုက်ပါ။
အဲဒါထက် အရေးကြီးတာက ...
သင်ဘယ်လို လှော်ခတ်သလဲ၊ ဘယ်ကို ဦးတည်သလဲ ဆိုတာနဲ့
သင့်လှေပေါ်မှာ ဘာကုန်စည်တွေတင်ဆောင်လာသလဲ ဆိုတာပါပဲ။
သင်ချစ်တဲ့သူတွေရော လှေပေါ်မှာအတူပါလာကြလား
ကမ်းပေါ်များ တယောက်ယောက်ကျန်နေခဲ့လား။
7 comments:
အစ်ကို ပျောက်နေတာ အတော်ကြာပြီ။
အိပ်မက်တွေအကြောင်း ပြောပြဦးမယ်ပေါ့ :)
မတွေ့တာကြာလှတာ...လက်စသတ်တော့ လှေသူကြီးလုပ်နေသကိုး....
စာအုပ်သေးသေးလေးနဲ့ ဖတ်ရတာပိုကောင်းတယ်.. ထပ်တင်ဦးလေ..
အဲဒီလှေရဲ့ ခရီး အောင်မြင်ပါစေ ကိုမင်းထက်ရေ။
အိပ်မက်တွေ လှပချင်ပါတယ်
အိပ်မက် ၂ ကို ဖတ်ပြီးခါမှ အိပ်မက် ၁ ကို ဖတ်ရတော့တယ်
ကိုယ်တိုင် . ကိုယ်ကိုကိုယ် လှေတစ်စင်း အဖြစ် မှတ်ယူခဲ့တာ ကြာခဲ့ပြီ
ဟိုကွေ့ ကျ ဟိုတက် ဒီကွေ့ကျ ဒီတက် နဲ့ သုံးလို့ရအောင် အတတ်ပညာ ဆိုတာ နိုင်သရွေ့ ဆည်းပူးသင့်တယ် အယူအဆ ကို ဖြန့်ဝေနေမိဆဲ..
ကိုယ့်လှေကလေးပေါ်မှာတော့ ကိုယ်ချစ်တဲ့သူတွေ အတူတူပါစေချင်တာ အမှန်
အင်း
ကမ်းပေါ်မှာ
တစ်ယောက်ကျန်နေခဲ့တယ်
အဲဒီတစ်ယောက်က
ငါကိုယ်တိုင်ပဲ ...
Post a Comment