Aug 4, 2009

ခုတလော ...

 
blog.madrona.com
တွေးနေမိတာက
?+?= ???? ...
(ကျမ်းကိုး - အော်ပီကျယ်)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
IQ တမတ်ဖိုး၊ EQ ၁ဝပြားဖိုး အားကိုးနဲ့
တကျပ်ဖိုး အပျင်းကြီး၊ ပြင်ဖို့လည်း စိတ်မကူးမိသေး။

ကျန်းမာရေး
ဝိတ်လျော့လိုက်ရင်ကောင်းမှာ ...(ဆို-အဲလက်စ်)

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကဗျာ တချို့ ၊ ဆောင်းပါး နည်းနည်း
ပညာရပ်ဆိုင်ရာက မုန့်ဖိုးတောင်းကောင်းရုံ (မှားလို့) လခထုတ်ကောင်းရုံ။

ရောက်နေဖြစ်တာက
အိမ်နဲ့ သိပ်မဝေးတဲ့ (ပင်လယ်နဲ့ သဲရှိလို့သာ ကမ်းခြေလို့ ခေါ်လိုက်ရတဲ့) ကမ်းခြေတခု။

ရေးဖြစ်နေတာက
ကဗျာ။ တသက်လုံးမှ ၁ဝ ပုဒ်လောက် ရေးဖူးတာ။ ခုတလော ၁ဝ ပုဒ် ပြည့်တော့မယ်။
ပင်စင် ယူလို့တောင် ရပြီ :P

နားထောင်ဖြစ်နေတာက
ရွှေပွင့်လွှာ (ကိုစောညိန်းသီချင်းများ + ကေဇော်၏ ကံစီမံရာလရောင်များ)

ရွတ်နေမိတဲ့ကဗျာက
မောင်နန္ဒ ရဲ့ မျှော်လင့်ခြင်းမိုး (အကုန်တော့ ဘယ်အလွတ်ရပါ့မလဲ)

ဖြစ်ချင်နေတာက
လက်ဖြောင့်သော သိကြားမင်း (ကျမ်းကိုး - အော်ပီကျယ်)

စားဖြစ်နေတတ်တာက
စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့ ...(ဆို-အဲလက်စ်)

သနားနေမိတာက
အကိုင်းအခက်တွေကို ကိုက်ဖြတ်ကာ
"မင်္ဂလာပါ" လို့ စာလုံးဖော်ခံနေရတဲ့
ပျိုး ... ပင် ... တွေ ... (တင်မင်းထက်)

လွမ်းနေမိတာက
အပေါင်းအသင်း ၇ ယောက်ရဲ့ အကြား ခင်မင်သူ တရာကျော်နဲ့
ဘဝမှာ ရွှေရောင်တောက်ပခဲ့တဲ့ ကောလိပ်နေ့ရက်များ .. (ခင်ဝမ်း)

မေ့လျော့ပစ်နေမိတာက
လူငယ်ဘဝရဲ့ စွန့်စားချင်စိတ်ကို
ဖဲဝိုင်းမှာသာ ပုံအောလိုက်ရ၊
စစ်တုရင်ခုံပေါ်မှာ ရဲရင့်လိုက်ရနဲ့
တစ် ကိုး ကင်း နေ့တွေ။ ။ (တင်မင်းထက်)

ခါးသက်နေမိတာက
အိပ်မက်ထဲမှာ အိပ်မက်ထပ်မက်နေရ
တခါတလေတော့ ခါးတယ် ... (တင်မင်းထက်)

တမ်းတနေမိတာက
မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြမယ့် အချိန် ...

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်တော်တာ ကိုယ်အသိဆုံး :P
(ရွှေဥဒေါင်း စကားနဲ့ဆို ကိုယ့်ကျောတောင် ကိုယ်ပြန်သပ်လိုက်ချင်သေး)

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ်ညံ့တာက အများကြီး ပိုများတာလည်း ကိုယ်အသိဆုံး :(

ဆန္ဒမရှိတဲ့နေရာ
မျက်နှာစာအုပ် (စွဲမှာစိုးလို့)
ဖဲရိုက်တာက ၃ နှစ်၊ ဘောလုံးမန်နေဂျာလုပ်တာက ၃ နှစ် ကြာခဲ့တယ်။
အခုလဲ ဖိုရမ်၊ ဘလော့ဂ် တော်လောက်ပါပြီ။ နောက်တမျိုး ထပ်မစွဲချင်တော့။

ဆန္ဒရှိနေတဲ့ကိစ္စ
မြန်မာများအတွက်မြန်မာ နဲ့ မြန်မာကျူးပစ်မှ သူငယ်ချင်းများ စုပြီး
စာသင်ကျောင်းလေး တဆောင်ဆောက်လှူကြရန်။  (Myanmar for Myanmars)

မုန်းတီးနေမိတာက
ယောင်ထုံးကိုယ်စီနဲ့
၂ဝ၁ဝလင်မျှော်ကုန်းမှာ
ယောက်ျားရင့်မာကြီးတွေ
စုရုံးနေတယ်။ ။ (သစ်ကောင်းအိမ်)

ချစ်နေတာက
ဟောင်းနွမ်းမသွားတော့မယ့် အချစ်နဲ့
ပြောင်းလဲမသွားတော့မယ့် အချစ်နဲ့
မအိုမင်းတော့မယ့် အချစ်နဲ့
ငယ်ငယ်တုန်းကထက် ပိုချစ်မယ် ... (ဆို-ရာပြည့်)

စိတ်ပျက်နေမိတာက
ကျွန်တော့် မန်နေဂျာ လက်ရေး။ (ဆရာ-ဆရာမတွေကို ပဲပင်ပေါက် လက်ရေးနဲ့
နှိပ်စက်ခဲ့သမျှ ဝဋ်လည်တယ်ပဲ သဘောထားလိုက်ပါတယ်။)

စွဲလန်းနေမိတာက
ဖိုရမ်၊ ဘလော့ဂ်၊ ယူနိုက်တက် (ကမ္ဘာတုလေးတွေ)

လိုအပ်နေတာက
ငွေက ကိုယ့်နောက်လိုက်ဖို့ ပေကတ်ကတ် လုပ်နေတုန်းမို့
ကိုယ်က ငွေနောက်လိုက်နေရတုန်း ..

တောင်းနေမိတဲ့ဆု
ချစ်သူခြင်းပေါင်းရသော ကမ္ဘာ၌သာ လူ့အဖြစ်ကို ကျွန်တော်ရလို၏။(ကေဇော်)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
၃၉ ပင်လယ်ပြင် ရွက်သင်္ဘော တစီး ဝင်လာတယ်
သူရဲကောင်းများက အားပါးတရ ကမ္ဘာသစ်မြင်ခဲ့ သတင်း
သူတို့ အရပ်မှာအော်နေကြ သူတို့ နှလုံးသားလေး လိုနေတယ် ... (ဆို - ခိုင်ထူး)

ဝန်ခံချင်တာက
စရေးတုန်းကတော့ မနော်တဂ်လို့သာ ရေးရတယ် ခပ်ပျင်းပျင်း။
နောက်တော့ သူ့မေးခွန်းတွေက စိတ်ဝင်စားစရာကောင်း၊
သူများတွေ ရေးထားကြတာလည်း ကောင်းဆိုတော့
စိတ်ပါလက်ပါ ရေးလိုက်တာ "စုတုခိုး" တော့ နည်းနည်းများသွားတယ်။

9 comments:

ပွင့်မြုးဇင် August 4, 2009 at 7:53 PM  

Boss နဲ့တိုင်ပြောမယ်... သူ့လက်ရေးကို ပဲပင်ပေါက်လို့ပြောတယ်လို့... :)

Anonymous,  August 4, 2009 at 8:45 PM  

စွဲလမ်းနေမိတာလေး သဘောကျသွားတယ်....

mie nge

sonata-cantata August 4, 2009 at 9:15 PM  

နောင် အနာဂတ်၌ လာသမျှသော တဂ်ဂိမ်းမှန်သမျှ ဤဘလော့ဂ်ဂါအား အလွတ်မပေးစတမ်း တဂ်ကြစေပါကုန်သတည်း။

kay August 4, 2009 at 10:28 PM  

အဲ..တူတာတွေ များနေပြီ။ နားထောင်နေတဲ့သီချင်းရယ်.. မုန်းတီးနေမိတာရယ်.. သတိရနေမိတာရယ်..

( လာအတုခိုးရင်း.. အစစ်ပါ ခိုးသွားတော့မယ်)

MANORHARY August 4, 2009 at 11:02 PM  

သီချင်းသံများနှင့်ဝေစီနေသော ပို့စ် ...း)
သီချင်းတွေအကုန်လုံးလွမ်းသွားတယ်
ကောလိပ်နေ့ရက်များ
နောက်..၃၉ ပင်လယ်ပြင်...း((((
ခြေတစ်လှမ်းသာသာအလို...း((
သံဆူးကြိုးလည်းသတိရတယ်
တစ်ကိုးကင်းနေ့ရက်တွေလည်းသတိရတယ်
ဒုတိယတန်းစားလည်းသတိရတယ်
ခုတလောမှမဟုတ်ပါဘူးတစ်သက်စာရေးထားတဲ့ကဗျာတွေမို့ထင်ပါရဲ့
တစ်သက်စာကိုမှတ်မိနေတော့တာ..

ဆောင်းယွန်းလ August 5, 2009 at 7:14 AM  

ဖတ်လို့ကောင်းလိုက်တာဗျာလို့ပဲ ပြောချင်ပါတော့တယ်
ကဗျာတပုဒ်ကို စိတ်ပါလက်ပါဖတ်လိုက်ရသလိုမျိုး....ကိုတင်မင်းထက်ရေ

ATN August 5, 2009 at 7:36 AM  

အကိုင်းအခက်တွေကို ကိုက်ဖြတ်ကာ
"မင်္ဂလာပါ" လို့ စာလုံးဖော်ခံနေရတဲ့
ပျိုး ... ပင် ... တွေ ... (တင်မင်းထက်)

မနော်စာရင်းထဲ ပါသွားလို့ ကျနာ့် စာရင်းထဲ မပါလာတာ...
နောက်တခါဆိုရင်တော့ ကျိန်းသေပြီ...

မမသီရိ August 5, 2009 at 3:18 PM  

သွက်လက်တဲ့အရေးအသားလေးနဲ့
ကဗျာတွေ သီချင်းတွေ တထောကြီး
ဖတ်ရတာပေါ့ပါးလိုက်တာ...း)

ourstream August 5, 2009 at 8:54 PM  

ကဗျာထဲက စကားလုံးတွေကို အတော်ခိုက်တယ်ဗျို့....။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP