Aug 19, 2009

Green Memory (6)

ကံ့ကော်တော

ရနံ့ကောက်သူတွေ မရှိတဲ့
နောက်ထပ်နွေဦးတခုမှာ
မျက်ရည်စိုလို့ ငိုနေကြစဲလား

တင်မင်းထက်
၂ဝဝ၉

4 comments:

Anonymous,  August 20, 2009 at 12:50 AM  

ရနံ့ကောက်သူတွေမရှိဘူးတဲ့လား..


လေထဲမျောလွင့်ပျော်တော်ဆက်မယ့်
နတ်သားတချို့ကြောင့်
ဒီတောလေးလျစ်လျူရှုမခံရကောင်းပါဘူး..

မမသီရိ August 20, 2009 at 7:03 PM  

ပြီးခဲ့တဲ့ နာဂစ်က
အချစ်တွေ ပိုခဲ့လို့
ကံ့ကော်တွေ မမွှေးနိုင်တော့

ရနံ့ကောက်သူတွေလဲ
တကယ်ဝေးခဲ့ပြီမို့
သူတို့ မျက်ဝန်းတွေ ငေးရီ
မျက်ရည်ဥတွေ သီနေမှာ လဲ အမှန်ပါပဲလေ....

ဆောင်းယွန်းလ August 22, 2009 at 2:59 AM  

သုံးကြောင်းတည်းရေးထားတဲ့ကဗျာလေးပေမယ့်
မျက်စိထဲမှာကွက်ကွက်ကွင်းကွင်းမြင်ရပြီး
ရင်ထဲကိုထင်းထင်းကြီးခံစားရစေတယ်ဗျာ....

MANORHARY August 25, 2009 at 6:54 PM  

တချိန်က ငါတို့ကောက်ခဲ့တဲ့ရနံ့တွေ
ခုထိသင်းပျံ့နေဆဲမို့
နောက်ထပ်နွေဦးအဆက်ဆက်တိုင်
ကံ့ကော်တွေလန်းနေလိမ့်ဦးမယ်
ရင်ထဲမှာ................

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP