Aug 26, 2009

ကျွန်တော်နဲ့ ဆိုကရေးတီး

 
ဂရိ တွေးခေါ်ပညာရှင် ဆိုကရေးတီး (Socrates) အကြောင်း မဟုတ်ပါဘူး။  SONATA-CANTATA  မှာ မသီတာ ဆို-က-ရေး-တီး အကြောင်းရေးထားတာ တွေ့တော့ ကျွန်တော့်ရဲ့ ပါရမီကို ကြုံရင်ရေးပါ့မယ်၊ ပြောထားမိပါတယ်။ 

ဆို

ကျွန်တော့် အသံဟာ အမေ့အသံကို ၁ဝဝ% အမွေဆက်ခံပြီး ဘယ်ကီးမှ မ
င် သီချင်းဆိုရင် စာရွတ်နေသလား အမေးခံရပါတယ်။ အလယ်အလတ် သီချင်းတွေကို မကြိုက် တခုခု ဆန်းသစ်မှ ကြိုက်ပါတယ်။ အသံမကောင်း၊ အဆိုမပိုင်ပေမယ့် ခင်မောင်တိုး - မွန်းအောင် အစ၊ ထူးအိမ်သင် - လေးဖြူ အလယ်၊ ကြက်ဖ - အရိုး အဆုံး သီချင်းပေါင်း များစွာ အလွတ်ရပါတယ်။ ဆိုရခက်တဲ့ ကိုစောညိန်း။ ခင်မ်း စတဲ့ သီချင်းတွေကို ဟိုအော် ဒီအော် လုပ်တတ်ပါတယ်။

ငယ်ငယ်က အိမ်မှာ သူငယ်ချင်းတွေနဲ့ ဖဲစုရိုက်ကြပြီဆို
ကျွန်တော် ရှုံးနေလို့ကတော့ နားမသက်သာဖူး မှတ်ပေတော့။ ကိုနေဝင်း သီချင်းဖွင့် နည်းနည်းပါးပါး လိုက်ဆိုလိုက်ရင်၊ သူငယ်ချင်းတွေ စိတ်ညစ်။ လူမရွှင်တော့ ဖဲကျ ဖြစ်ကုန်ကြပါတယ်။

က


စင်ကြောက်တဲ့ သူဆိုတော့ တသက်မှာ တခါပဲ စင်ပေါ် တက်ကဖူးပါတယ်။ ၈ တန်းတုန်းက နယ်မှာပါ။ ကျောင်းက ၈ တန်း ၄ ယောက်ပဲ ရှိတဲ့ တွဲ-အလက မှာ။ သီတင်းကျွတ်မှာ ဆရာကတော့ပွဲ နဲ့ ကျောင်းကပွဲ လုပ်ပါတယ်။ ပွဲငတ်တဲ့ ဒေသဆိုတော့ ရွာလုံးကျွတ် လာအားပေး ကြမှာပါ။ ကျောင်းမှာက လူက နည်းနည်းလေး ဆိုတော့ ဘယ်လိုမှ ပြေးမရ။ ဖိုးသူတော် ယိမ်းထွက်ရပါတော့တယ်။

အဲဒီတုန်းက ဖြူဖြူသွယ်သွယ်ဆိုတော့ မိန်းကလေးလို
တ်ပြီး တေးသရုပ်ဖော်လိုမျိုး ကခိုင်းဖို့ ဆရာ / ဆရာမများက ရက်ရက်စက်စက် ကြံကြပါသေးတယ်။ မှတ်မိသေးတယ် "ကမ်းစပ် တို့ဟာကမ်းစပ် မင်းဟာ ရေလှိုင်းလေးပေါ့" .. ဆိုတဲ့ သီချင်းနဲ့ပေါ့။ အက သင်ပေးတဲ့ သူက မူလတန်းပြ လုပ်အားပေး ဆရာမ၊ သူက ရှေ့က ကပြ၊ ကျွန်တော်က ကြိုးစားပြီး လိုက်ကသော်လည်း၊ ကပုံ အချိုးကျလွန်းတော့ သူ့ကို နောက်ပါတယ် ဆိုပြီး ဆက်မသင်တော့ပါဘူး။ အဲဒါနဲ့ ၇ တန်းကျောင်းသူ တယောက်က သင်ပေးပါတယ်။ ဒီတခါမှာတော့ အက ဆရာမ ထိုင်ငို သွားပါတယ်။ ကျွန်တော့်ရဲ့ အက ပညာခန်းလည်း ဖိုးသူတော်ယိမ်းနဲ့ပဲ တခန်းရပ်သွားပါတယ်။

ရေး


ဒါကတော့ ကျွန်တော့် ပါရမီ ဆိုတာထက် သူငယ်ချင်းရဲ့ ပါရမီပါ။ ကျွန်တော် သီချင်းမရေးဖူးပါ။ ကဗျာတပုဒ်ကိုတော့ သူငယ်ချင်းက သူဆိုမယ် ဆိုပြီး (အလကား ရတာလည်း တကြောင်း) သံစဉ် ထည့်ဆိုဖူးပါတယ်။

သူ့အကြံကလည်း မသေးပါ။ အလကား ရတဲ့ သီချင်း တခွေစာစုပြီး စီးရီးထုတ်မယ့် အကြံပါ။ နီးစပ်ရာ လိုက်ရှာရင်းနဲ့ တတန်းကြီးတဲ့ အကိုကြီး တယောက်က သီချင်းတွေ ဗလာစာအုပ်နဲ့ တအုပ် ပေးလိုက်ပါတယ်။ ကြိုက်တာလေးတွေ ရွေးပြီး အခွေကြမ်းသွင်း၊ အဲဒီ အကိုကြီးကို သွားဖွင့်ပြပါတယ်။ သီချင်း တပုဒ် အရောက်မှာတော့ အကိုကြီး ထခုန်ပါတော့တယ်။ "ဒါ .. ဒါ .. ငါ့ရည်းစားစာ" တဲ့။ စာအုပ် နောက်ဆုံးမှာ ရေးထားတဲ့ ရည်းစားစာကို သီချင်းမှတ်လို့ ဆိုပြစ်လိုက်တာပါ။ သူ့ အခွေကလည်း ထွက်မလာဖြစ်တော့၊ ကျွန်တော့် ကဗျာလည်း မောင်စိန်ဝင်း ကဗျာတွေလို သီချင်းဖြစ်ခွင့် မကြုံလိုက်ပါ။

တီး


တန်း ပြီးတော့မှ ဂစ်တာတီး စသင်ပါတယ်။ ပထမဆုံး တက်ဖြစ်တာက ဆူးလေနားက တိုက်ခန်း အပေါ်ထပ်မှာ သင်တဲ့ သင်တန်းပါ။ နောက်တော့ အလုံ ကရင်ခြံက ကလပ်စစ်ကယ်တီးတဲ့ ဆရာကြီးဆီမှာ ဆက်သင်ပါတယ်။

နောက်ဆုံး ဆရာကတော့ အရင်က E-Machine မှာ ကီးဘုတ်တီးတဲ့ သူပါ။ တော်မီကျော်နိုင်တို့ ဝိုင်း ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ဆရာက အများကြီး ငယ်ပါတယ်။ ၁၆-၁၇ လောက်နဲ့ ပရော်ဖက်ရှင်နယ် တီးလာတဲ့ သူပါ။
ငယ်ငယ်က စာလည်းတော်၊ ဂီတမှာလည်း ထူးချွန်တဲ့ သူပါ။ သူ့အဖေက အတော်အသင့်လည်း ပြည့်စုံတဲ့၊ လူလည်း လေးစားတဲ့ စာရေးဆရာကြီး တဦးပါ။ သူ့ကို ဖျက်တာကတော့ (ထုံးစံအတိုင်း) မူးယစ်ဆေးပါပဲ။ နောက်ဆုံး သူ့ အသက်ကိုပါ ယူသွားပါတယ်။

ဆရာတွေ နာမည်ကို အတိအကျ မဖော်ပြ ထားတာက ဆရာ့ကျေးဇူး မသိလို့ မဟုတ်။ ဆရာတွေ နာမည်ပျက်မှာ စိုးလို့ပါ။ ဆရာ ၃ ယောက်သာ ပြောင်းသွားတယ်၊ ဂစ်တာကို ရောင်းကော့ဒ် သီချင်းတချို့ ခေါက်တတ်တာက လွဲရင်၊ ကြိုးကို မညှိတတ်လိုက်ပါဘူး။


(ခုလည်း "ရွှေဟင်္သာမောင်နှံရယ် .. တောင်ပံယှက်ပြီ .. လည်ချင်းမှီလို့ .." .. ဆိုတဲ့ ဆည်းဆာ ကို အော်နေပါတယ်။ တကယ်က အဲဒီ သီချင်းကို အစအဆုံး မရပါဘူး။ မရတရ သီချင်းက ပိုဆိုလို့ ကောင်းတယ် မဟုတ်လား။)

6 comments:

MANORHARY August 26, 2009 at 7:00 AM  

ရပြီ choir ဆိုဖို့လူရပြီ
ငါလိုလူနဲ့ပေါင်းလိုက်လို့ကတော့သေချာတယ်
IL DIVO တွေတစ်သက်သီချင်းဆိုစားမယ်မထင်ဘူးး))

ဆောင်းယွန်းလ August 26, 2009 at 9:23 AM  

ဆိုကရေးတီးကိုမဖတ်ခင်ကတည်းက ခေသူမဟုတ်မှန်းသိနေပါတယ်

မမသီရိ August 26, 2009 at 11:34 AM  

အဲဒီတုန်းက ဖြူဖြူသွယ်သွယ်ဆိုတော့ မိန်းကလေးလို ဝတ်ပြီး တေးသရုပ်ဖော်လိုမျိုး ကခိုင်းဖို့ ဆရာ / ဆရာမများက ရက်ရက်စက်စက် ကြံကြပါသေးတယ်။

ခုရော ဖြူဖြူတုတ်တုတ်လေးကို ကခိုင်းသူ မရှိတော့ဘူးလား..း)))

sonata-cantata August 26, 2009 at 12:37 PM  

ဒီတခါ မီးမီးချောတို့ ဆုပေးပွဲမှာ ငယ်ငယ်တုန်းက မကျေပွဲလေး နွှဲမလား။
အထက်ကို တင်ပြလိုက်မယ်နော်။ ပြီးတော့ အခွေထုတ်ရောင်းကြတာပေါ့။ ကျောင်းရန်ပုံငွေတွေ တော်တော်ရမှာ...

မေငြိမ်း August 26, 2009 at 6:57 PM  

ဟိဟိ.. talented ပေါ့..(သင်လို့တောင်မှ မတတ်တဲ့ နေရာမှာ.. တီချယ်ကြီးကျနေတာပဲ :P)

ရွှေရတုမှတ်တမ်း September 24, 2009 at 9:02 AM  

အရေးအသားကောင်းချက်ကတော့..... တောက်တောက်ကျတယ် (မျက်ရည်).....ရီရလွန်းလို့

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP