Aug 6, 2009

၂၁

Yue Minjun's Execution
ဆိုဗီယက်ဟာသတပုဒ်ကို
ဖြတ်ညှပ်ကပ်လိုက်တော့
မြန်မာ့ရိုးရာဟာသဖြစ်သွားတယ်
မရီရပါဘူး ...။

အာဖရိကခေတ်ပေါ်ပန်းချီထဲမှာ
ငါ့ကိုယ်ငါ ပြန်တွေ့တယ်
သူငယ်ချင်းများစွာနဲ့ ...။

မြောက်ကိုရီးယားကျောင်းသားလေးသာ
ငါ့သူငယ်ချင်းကဗျာ ဖတ်ရရင်
မျက်ရည်ကျရှာမယ် ...။

နောင်လာမယ့် ၂၁ နှစ်မှာ
ဒီသီချင်းတွေ နောက်တခါပြန်ဖွင့်ရင်
ငါတို့ကို ခွင့်မလွှတ်ပါနဲ့ ...။   ။

တင်မင်းထက်
(၆.၈.ဝ၉)

8 comments:

MANORHARY August 6, 2009 at 3:33 PM  

မိုင်တိုင် ၂၁
အဲဒီဘာမှမဖြစ်လာတဲ့သက္ကရာဇ်မှာ
ကိုယ့်လှေကိုယ် ထိုးရင်း
ကောင်းကင်ကိုမော့မော့ကြည့်နေမိ
ခုထိတော့ ကြယ်မစုံသေးဘူး
ကြယ်တွေကလည်း ကြွေတုန်းပဲ
ကောင်းကင်ကလည်း မှောင်နေဆဲ
ကတိပေးလှည့်ပါ
ငါတို့ အဲဒီသီချင်းကို
နောက်တစ်ခါ နားမထောင်ကြတော့ဘူးလို့...

မမသီရိ August 6, 2009 at 3:45 PM  

တချို့ဒဏ်ရာတွေက
၂၁ အတက်မှာတောင် သွေးစက်လက်က မခြောက်ချင်သေး
၂၁ အထက် နှစ်အသစ်တွေ မလိုချင်တော့ဘူး
ရင်းစရာတွေလဲ ကုန်သလောက်ရှိခဲ့ပြီ
ရှင်းစရာတွေက ရှုပ်လို့ ကို မဆုံးနိုင်ခဲ့..

ဆောင်းယွန်းလ August 7, 2009 at 8:30 AM  

နောင်လာမယ့် ၂၁ နှစ်မှာ
ဒီသီချင်းတွေ နောက်တခါပြန်ဖွင့်ရင်
ငါတို့ကို ခွင့်မလွှတ်ပါနဲ့ ...။ ။

ကြိုက်တယ်ဆိုတာထက်ပိုပြီး ပြောစရာစကားလုံးတွေမရှိတော့ဘူးဗျာ

ကိုအောင် August 7, 2009 at 10:16 AM  

အာဖရိက ခေတ်ပေါ် ပန်းချီထဲရောက်နေတာ တစ်ယောက်တည်း မဟုတ်
ဘူးဆိုတဲ့ စာသားကို ကြိုက်တယ်ဗျာ ကိုတင်မင်းထက်။

မေငြိမ်း August 8, 2009 at 11:28 AM  

ခုထိတော့ နီကာရာဂွားလို ပန်းချီတကားရေးဖို့တောင် မတတ်နိုင်သေးတဲ့ ဘ၀...။

mirror August 8, 2009 at 10:11 PM  

သေချာခံစားသွားပါတယ် ကိုတင်မင်းထက်ရေ..
ဒိထက်တော့ ဘာမှပိုမပြောတတ်တော့ပါဘူး။

Moe Cho Thinn August 20, 2009 at 12:59 AM  

နင့်ကဗျာက ကောင်းလွန်းတယ် ငထက်ရယ်။

ရွှေရတုမှတ်တမ်း September 24, 2009 at 9:12 AM  

ဒီကဗျာကိုကြိုက်လိုက်တာ

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP