အိပ်မက်တိတ္ထုံ (သစ်ပင်)
Photo: Jerry N. Uelsmann
အိပ်မက် - ၂
သစ်ပင်
အမြစ်တွေက ရိုးရာနဲ့မိသားစုမှာ ဘယ်လောက်ငြိတွယ်တယ်
ပင်စည်ကတော့ သင့်ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းသန်မာမှုနဲ့ ယုံကြည်ချက်
အကိုင်းအခက်တွေက အခွင့်အလမ်း၊ စိတ်ကူးစိတ်သန်းနဲ့
သားသမီးတွေအကြောင်းကို ပြောပြကြလိမ့်မယ်။
ကိုယ်တိုင်ရင်းနှီးသီးပွင့်ခဲ့သမျှကတော့
ကမ္ဘာမြေအတွက် သင့်ရဲ့လက်ဆောင်တွေပါပဲ။
7 comments:
ကျွန်မရဲ့ သစ်ပင်ကတော့ ရေရှားတဲ့ဒေသကအပင်တွေလို အမြစ်က နက်နက်ကြီးတိုးဝင်နေတယ်.. ပင်စည်ကတော့ ဖြူရော်ရော်ပါပဲ.. အကိုင်းအခက်လဲ ဝေဆာသင့်သလောက် ဝေဆာပါရဲ့.. အသီးအပွင့်တွေတော့ များများသီးပွင့်ခဲ့ချင်တယ်.. အသက်ရှင်သေးသမျှပေါ့..
ကဲ.. ဘယ်လိုလူစားဖြစ်မလဲပြော.. :)
နက်နဲတဲ့ ဒသန တခု လှပစွာ ဖွဲံ့နိုင်စွမ်းတယ်
ဟာ...သစ်ပင်ကြီးပျံနေတယ်...
သူ့ကဗျာတွေကလဲ..ဟယ်ရီပေါ်တာနဲ့ ဖက်စပ်ရေးထားသလား..အောက်မေ့ရတယ်...
ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကို သစ်ခြောက်ပင် လို့
မြင်ယောင်နေမိ ............
mnhy
အင်း----
အိမ်မက်သစ်ပင်စာတိုကလေးကအဓိပ္ပါယ်တွေအများကြီး
ပေးသွားတယ်ဗျာ-
တင်စားချက်လေးကို သဘောကျလိုက်တာ...
ဟာမိုနီတစ်ခုကို ပုံစံပြောင်းဖို့ တော်တော်ကို
လုပ်ရမယ် ထင်တာပဲ။
Post a Comment