Sep 13, 2010

အိပ်မက်တိတ္ထုံ (လမ်း)

Photo: Jerry N. Uelsmann

အိပ်မက် - ၎

လမ်း

လမ်းမကြီးတခုတည်းလည်း ဖြစ်ချင်ဖြစ်မယ်။
ပညာရေး၊ အချစ်၊ အလုပ်အကိုင် အရာအားလုံးမှာ
လမ်းခွဲလေးတွေလည်း ရှိချင်ရှိမယ်။
ချောမွေ့မယ်၊ ကြမ်းတမ်းမယ်၊ သာယာမယ်၊ မှောင်မိုက်မယ်
အားလုံးမှာတော့ ဦးတည်ချက်တစုံတရာရှိကြပါတယ်။
ဘယ်လမ်းကို ရွေးမယ်ဆိုတာကတော့ သင့်ဆုံးဖြတ်သာဖြစ်တယ်။

5 comments:

ရွှေရတုမှတ်တမ်း September 13, 2010 at 6:05 PM  

အဲဒီ နှုတ်ခမ်းပါတဲ့လမ်းကိုရွေးတယ်ဗျာ...
အဲဒါနဲ့လဲ....အလုပ်ဖြစ်ပါတယ်....

ကိုအောင် September 13, 2010 at 7:09 PM  

ပေါ်တာအဆွဲ မခံရတဲ့လမ်းကို ရွေးပါ
ကိုကြီးကျောက်၊ ကဗျာက ကောင်းတယ်
ကိုတင်မင်းထက်၊ အားပေးလျက်ပါ။

tin min htet September 13, 2010 at 8:34 PM  

လူမမာထဲမှာတော့ ဒီလူမမာက စိတ်အကြီးဆုံးပဲ ကိုအောင်ရေ။ သူ့ကိုကြည့်ပြီး မမာတာက သူလား ကိုယ်လားတောင် သံသယ ဖြစ်လာတယ် :P

လင်းဒီပ September 23, 2010 at 8:47 PM  

လမ်း... သေချာစဉ်းစားရွေးချယ်နေရင်းနဲ့ မှားတယ် ။

MANORHARY September 24, 2010 at 12:44 PM  

တစ်ခါတစ်လေ
လမ်းတွေက
ငါတို့ကို
ပြန်ရွေးသွားကြတယ် .......

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP