Sep 17, 2010

အိပ်မက်တိတ္ထုံ (ကမ်းခြေ)

Photo: Jerry N. Uelsmann

အိပ်မက် - ၆

ကမ်းခြေ

ကျိုးကြောင်းဆင်ခြင်မှုနဲ့ စိတ်ကူးယဉ်ရူးသွပ်မှုတို့
ဆုံတွေ့ရာ၊ စည်းခြားရာ။
ကမ်းခြေကိုဦးလှည့်နေသည် မြင်မက်ပါက
ရင်းနှီးကျွမ်းဝင်ရာ အိမ်အပြန်။
ပင်လယ်ကိုမျှော်ငေးနေသည် မြင်မက်ပါက
သူစိမ်းတရံဆံသည့် အနာဂတ်တနေရာ။

5 comments:

ကိုအောင် September 18, 2010 at 3:58 AM  

ကမ်းခြေကို ရောက်ခဲ့တယ် ကိုတင်မင်းထက်
အားပေးလျက်ပါ၊ ကောင်းတယ်ဗျို့။

ရွှေရတုမှတ်တမ်း September 18, 2010 at 6:32 AM  

ဟန်ကျတာပဲ..ခရီးသွားချင်တာနဲ့ ဒီအိပ်မက်နဲ့တော့..

လွင်,  September 19, 2010 at 11:23 AM  

ကျမဆီမှာကမ်းခြေပုံလှလှလေးတွေရှိတယ်..လူမပါဘူးနော်..စာရေးသိပ်ကျဲတယ်နော်

Unknown September 22, 2010 at 10:14 PM  

ပင်လယ်ကိုတော့မျှော်ငေးမကြည့်ချင်တော့ပါဘူး၊ ဦးလှည့်ချင်ပါပြီ ကမ်းခြေဆီ

လင်းဒီပ September 23, 2010 at 8:49 PM  

အခုထိ အိပ်မက်မှာကော လက်တွေ့မှာကော ပင်လယ်ကို သိသိ မသိသိ မျှော်ငေးနေရတုန်း ။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP