Aug 16, 2016
Aug 3, 2016
ပြဇာတ်
သစ်သီးတွေက
Jun 21, 2016
ပျော်ရွှင်ခြင်းရဲ့ အရောင်
မိုးတွေ အများကြီး
ရွာပြီးစ မြက်ခင်း
သားနဲ့ ကျွန်တော်
ပြိုင်တူ လက်ညှိုးညွှန်မိ
ရေလွှာပါးပါးလေးအောက်က
အစိမ်းရောင်
လူရှုပ်ထွေးတဲ့ မြစ်ထဲကို
မြင်းကျားတကောင် ဖြတ်ကူးခဲ့
ဘူတာထဲက
ကလေးလက်ထဲက
မိုးပျံပူပေါင်း အဖြူနဲ့အနက်
စားသောက်ဆိုင်မှန်ပုံးထဲမှာ
ကူးခတ်ပျော်ရွှင်နေသလို ထင်ရတဲ့
ငါးက
ကျွန်တော့်ကို လှမ်းပြောတယ်
မင်းရဲ့ကန်က သိပ်ကြီးတော့
မင်း ကူးခတ်ရတာ သိပ်မောမှာပဲ
အနီရောင်
အပြာရောင်နှင်းတွေ တဖွဲဖွဲ
ကျ မလာသေးခင်အထိ
နေရောင်ခြည်ရဲ့ ဝတ်စုံဟာ
အဝါရောင်
တင်မင်းထက်
၂၀၁၆
Jun 6, 2016
---
ုခြင်က ကျွန်တော့်ကိုကိုက်တယ်
ကျွန်တော်က သူ့ကိုရိုက်တယ်
ပြီးမှ နည်းနည်းစိတ်မကောင်းဖြစ်မိ
သံသရာဟာ ဒီလိုပါပဲ
သံသရာဟာ ဒီလိုပါပဲ
ကျွန်တော့်သွေးတွေ သူ့သွေးတွေ
တင်မင်းထက်
၂၀၁၆
May 31, 2016
ဖြောင့်ချက်
May 16, 2016
ကျောက်တုံးတွေထဲ
Mar 17, 2016
၅၄
Sep 4, 2014
လျှို့ဝှက်ချက်
သေရွာပါမယ့် လျှို့ဝှက်ချက်ဆိုတာ
သိမ်းဝှက်ထားတဲ့ ရတနာတွေ
ရာဇဝတ်မှု ကြီးကြီးမားမား
ဘာတခုမှ မဟုတ်။
အတန်းဖော်ကောင်မလေးကို
နာရီဒိုင်ခွက်ကနေတဆင့်
ခိုးခိုးကြည့်တာမျိုး။
ယုန်သွားလေးနဲ့ဆရာမကို
သိပြီးသားစာတွေ
သွားသွားမေးတာမျိုး။
နမူနာပြောကြည့်တာသက်သက်ပါ
၁၆ နှစ်သားတုန်းက
တကယ့် လျှို့ဝှက်ချက်တွေဆို
သူတို့လည်း သေချာသိမ်းထားကြမှာ။
တင်မင်းထက်
၂၀၁၄
Aug 18, 2014
အိပ်မက်ပင်လေးတွေ
နားထောင်ချင်တဲ့ သီချင်းကို
ငါတို့ ဆိုကြရအောင်။
ဒီလိုနဲ့ပဲ
ငါတို့နောက်တခေါက် မျှော်လင့်ကြ
ဒီလိုနဲ့ပဲ
ငါတို့နောက်တခေါက် စိတ်ပျက်ကြ။
ကောသလအိပ်မက်တွေက
လူကြိုက်လည်းမများလှဘဲ
ပွဲတော်ရာသီရောက်တိုင်း
နောက်ဆက်တွဲ အိပ်မက်တခု
ရုံတင်တယ်။
အဲဒီ ပုံစံမကျတဲ့
အိပ်မက်ပန်းအိုးဟောင်းထဲကို
ကလေးတွေရဲ့ အိမ်မက်ပင်လေးတွေ
မစိုက်လိုက်ကြနဲ့။
ငါတို့ ကလေးကဗျာရေးရမယ်
အဲဒီကဗျာတွေထားဖို့
စာကြည့်တိုက်လည်း ဆောက်ရမယ်
ကဗျာဖတ်တတ်အောင်လည်း
သင်ပေးရမယ်လေ။
ဘယ်ကစမလဲဆိုတော့
ဒီနေရာက စရမှာပဲ
ဘယ်မှာဆုံးမလဲဆိုတော့
မဆုံးအောင် ဆက်ကြရမှာ။
ဖတ်ချင်တဲ့ ကဗျာမရှိမှတော့
ငါတို့ ရေးရတော့မှာပေါ့။
တင်မင်းထက်
၂၀၁၄
DIY
Jul 19, 2014
တစ်တီတူး
တီဗွီထဲမှာ မီးတွေစလောင်တော့
ရှေ့ကားရဲ့အိတ်ဇောငွေ့တွေကြား
ဘတ်စ်ကားက တိုးဝင်သွားချိန်။
မီးသတ်ကားတွေ ရောက်လာခန်းက
ခေါင်းပေါ်ကို စင်ကျလာတဲ့
အဲကွန်းရေစက်တွေနဲ့ တပြိုင်ထဲ။
မီးစွဲနေတဲ့တိုင်လုံးကြီး လဲကျလာတော့
ကိုယ့်ပေါ်များ ပြုတ်ကျလာမလားဆိုပြီး
ရှေ့ခုံနဲ့ ကွယ်ထားမိတယ်။
ဘတ်စ်ကားကလည်း မောင်းနေဆဲ
တီဗွီထဲမှာ မီးတွေလောင်နေဆဲ
ကိုယ့်ထိုင်ခုံမှာကိုယ် ဇက်ကိုပုထားဆဲ။
တင်မင်းထက်
၂၀၁၄
ထမင်းရည်ချောင်းစီး
ဇောရိုးရေ
မင့်းမျက်နှာဖုံးကြီးက အိုက်ပါတယ်
ချွတ်ထားပြီးမှ အေးဆေးပြောကြရအောင်။
တရားတာ မတရားတာထက်
စီးပွားရှာတယ်ဆိုမှတော့
ပိုက်ဆံရအောင် လုပ်ရတာပေါ့ကွာ။
မင့်းဓားကြီးလည်း ချထားပါဦး
မတော်တဆ ထိရှနေပါ့မယ်
ရွှေတွေငွေတွေ ဆိုတာကလည်း
ဘဏ်မှာပဲထားကြတာ မဟုတ်လား။
ဪ ဆင်းရဲသားတွေဝေချင်တာများ
ဒီလောက် မစွန့်စားစမ်းပါနဲ့
မင့်းလူတွေ စာရင်းလေးသာပေးခဲ့ပါ
ကိုယ့်မှာ ဖောင်ဒေးရှင်းကြီးရှိပါတယ်။
မျက်နှာပန်းလှပြီး လူချစ်မယ့်
ခေါင်းစဉ်လှလှလေးတွေ ရှိရင်လည်း
ကြုံတုန်းပေးခဲ့စမ်းပါကွာ
ကိုယ်လည်း အိုင်ဒီယာရတာပေါ့။
တင်မင်းထက်
၂၀၁၄
Apr 25, 2014
ပဉ္စလက်သရုပ်မှန်
ပြန်ပြန်ဖတ်မိတဲ့ စာအုပ်တအုပ်ပါပဲ
မင်းဟာ။
ရင်းရင်းနှီးနှီး
တကြောင်းပြီးတကြောင်း သိနှင့်နေတဲ့
အဖွဲ့အနွဲ့။
တုန်တုန်ခိုက်ခိုက်
အငိုက်မိခဲ့ပြန်ပေါ့ နောက်ထပ်တခါ
မင်းရဲ့ စကားထာ။
တင်မင်းထက်
၂၀၁၄
Apr 21, 2014
ပျင်းတဲ့သီချင်း
ညနေကျတော့ လေပြင်း
မိုးရွာမလိုလိုနဲ့
မီးခိုးပူတွေသာရောက်လာခဲ့။
အဖြစ်အပျက်အားလုံးက
အချိတ်အဆက်တွေ တိကျနေရင်
အချိုပင်စိုက်လိုက်တိုင်း
အသီးတွေ သိပ်ချိုနေကြရင်
လမ်းတွေအားလုံးက
ရောမကိုပဲ ရောက်နေကြရင်
သိပ်ပျင်းစရာမကောင်းဘူးလား။
တောကျီးကန်းလေးအော်နေတယ်
ရေခဲသေတ္တာတလုံးထဲမှာ။
တင်မင်းထက်
၂၀၁၄
Apr 16, 2014
လပြည့်ကျော် ၁ ရက်
ထွက်ခွာစ အဝေးပြေးကားကို
ပြေးလိုက်သလိုမျိုး
လပြည့်ပြီး နောက်တနေ့
မနက်စောစော။
ကျောဖက်ကနေလုံးဟာ
တရိပ်ရိပ်တက်လာခဲ့။
လကိုမမှီနိုင်တာ သေချာခဲ့လည်း
နေနဲ့လွတ်အောင် ဆက်ပြေးခဲ့
ဒါပေမဲ့ ပူတယ်။
မြစ်မှာဆုံခဲ့ကြသလို
ပင်လယ်မှာခွဲကြရဦးမယ်။
တင်မင်းထက်
၂၀၁၄
အသည်းပုံသစ်ရွက်
နှစ်ကာလတွေသိပ်ကြာတော့
ဘာကိုမှကောင်းကောင်း မမှတ်မိတော့ဘူး။
အသည်းပုံသစ်ရွက်ကသာ
မီးလောင်ရာတခုလို စွဲထင်နေခဲ့တယ်။
ခမ်းနားမှု
ငယ်ဘဝရဲ့ ခမ်းနားမှုတိုင်လုံးများ။
မှန်ကွဲစများ
မီးသတ်ကားမှန်ကွဲစများ ပြန့်ကျဲ။
သူငယ်ချင်း
မမေ့ပေမယ့်ပျောက်သွားသူ သူငယ်ချင်း။
မြေနီလမ်းလေး
တောခြောက်သံတွေက မြေနီလမ်းတလျှောက်။
လေထီးခုန်နည်းမသင်ခဲ့ဘဲ
စာသင်ခန်းနောက်ပေါက်ကနေ ခုန်ချခဲ့တယ်။
အမှတ်သည်းခြေကြီးသလောက်
မေ့မေ့ပျောက်ပျောက်။
တင်မင်းထက်
၂၀၁၄
Feb 20, 2014
သက်တံ
မိုင်တွေအဝေးကြီး
ပြေးလာခဲ့ပြီးမှ
ပတ်လမ်းမှန်း သိခဲ့ရ။
ရပ်တန့် ငေးမော
သက်တံ ၂ ထပ်ရဲ့ အဆုံးက
၂ ဆသော ပျော်ရွှင်မှု။
ခုန်တယ်
ဒီနေရာကိုပဲ ပြန်ကျတယ်။
တင်မင်းထက်
၂၀၁၄
Feb 19, 2014
ညစာမစားခင် ၅ မိနစ်
မြင်ရတော့
အားကျမိတယ် မလိမ်ပါဘူး
လိုက်တော့မလုပ်ဖြစ်ဘူး
ဒါလည်း အမှန်ပါပဲ
အချိန်နည်းနည်းကြာသွားတော့
အဲဒါတွေအားလုံး မေ့သွားပြီ။
ညမီးတိုင်တွေအောက် လမ်းလျှောက်ရင်း
ကျနေတဲ့ပိုးကောင်တွေကို ရှောင်ရင်း
စိတ်ဟာ တဆတ်ဆတ်အတုတ်ခံခဲ့ရ။
ရေစစ်ကို
ရေကြည်ရေသန့်တွေ ဖြတ်စီးသွား
တင်ကျန်ရစ်ခဲ့တာတွေက
သူတပါးရဲ့ရူးသွပ်မှုကို ဟား ခဲ့မိတာတွေ
သူတပါးရဲ့ယုတ်မာမှုကို ထွီ ခဲ့မိတာတွေ
သူတပါးရဲ့ရိုးအမှုကို ဟင် ခဲ့မိတာတွေ။
မီးဖိုထဲမှာ ညနေစာပြင်ဆင်ချိန်
အရွက်တွေ တပုံကြီးကိုကြော်လိုက်တော့
လက်တဆုတ်စာလေးပဲ ကျန်တော့တယ်
အသားတွေ ကျက်သွားတော့
လက်တဆုတ်စာလေးပဲ ကျန်တော့တယ်
ဆေးစရာတွေကလည်း ပုံလို့
ပစ်စရာအမှိုက်တွေက အိတ် ၃ လုံးအပြည့်။
တင်မင်းထက်
၂၀၁၄
Jan 21, 2014
တိမ်တွေလှတယ်
အသေးဆုံးအစိတ်အပိုင်းလေးက အစ
တိမ်တွေလှတယ်လို့ အသားတံဆိပ်ရိုက်ကာ
တပ်ဆင်
ကမ်းနဲ့ မိုင်တသိန်းအဝေး
ရေအနက် မိုင်တသောင်းမှာ
မြေအနက် မိုင်တထောင်တူးလိုက်တော့
တိမ်တွေ ပိုက်လိုင်းတလျှောက်
စီးဆင်း
မင်းခေါင်းထဲမှာမိုးတွေရွာ ... ... တိမ်တွေလှတယ်
မရေမရာပဉ္စလက်မီးအိမ် ... ... တိမ်တွေလှတယ်
ကမ္ဘာမှုအကြီးကြီးပြုလိုက် ... ... တိမ်တွေလှတယ်
စကားလုံးတွေအများကြီးနဲ့ နည်းစနစ်ကျကျ
ပိုက်လိုင်းတလျှောက် အစီအစဉ်မဲ့ရောနှော
တိမ်တွေလှတယ်ဆိုတဲ့အကြောင်း
ပျောက်ဆုံးသွားတဲ့ အထိ
တင်မင်းထက်
၂ဝ၁၃
Dec 23, 2013
ပြန်လှန်သင်ခန်းစာ
ဆေးအမဲတခြမ်းသုတ်
လခြမ်းကွေးပါလို့
မပြောရဲတော့တဲ့အခါ
အလှတရားဟာ
တံခါးတခြမ်းပိတ်ခဲ့ပြီ။
စစ်သားရုပ်လေးတွေ စီပြီး
စစ်ပွဲကြီးကို မြင်ကြည့်ဖို့
စစ်ပွဲကြီးကို ကြည့်ပြီး
စစ်သားရုပ်လေးတွေ မြင်ကြည့်ဖို့
နောက်တခါ ပြန်သင်ရဦးမယ်။
တင်မင်းထက်
၂၀၁၃