Dec 23, 2013

ပြန်လှန်သင်ခန်းစာ

အကြွေစေ့လေးကို
ဆေးအမဲတခြမ်းသုတ်
လခြမ်းကွေးပါလို့
မပြောရဲတော့တဲ့အခါ
အလှတရားဟာ
တံခါးတခြမ်းပိတ်ခဲ့ပြီ။

စစ်သားရုပ်လေးတွေ စီပြီး
စစ်ပွဲကြီးကို မြင်ကြည့်ဖို့
စစ်ပွဲကြီးကို ကြည့်ပြီး
စစ်သားရုပ်လေးတွေ မြင်ကြည့်ဖို့
နောက်တခါ ပြန်သင်ရဦးမယ်။

တင်မင်းထက်
၂၀၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP