Dec 23, 2013

အိမ်ပြေး ၂ ယောက်

သစ်မြစ်လေးကိုတောင်
ချစ်တဲ့သူတွေကြားမှာ
ခတ်တခေတ်ခြားနေခဲ့။

ရေတံခွန်လို
တဟုန်ထိုး
အများကြီး
စိတ်ကူးတွေနောက် ပြေးလိုက်ခဲ့သူနဲ့။

မနက်စောစော
တလက်လက်တောက်နေတဲ့
မိုးစက်ပေါက်လေးကို ခြေရာကောက်ခဲ့သူ။

အိမ်ပြေးတယောက်နဲ့
နောက် အိမ်ပြေးတယောက်ကြားမှာ
သစ်မြစ်လေးခြားနေခဲ့။

တင်မင်းထက်
၂ဝ၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP