Dec 23, 2013

ရထားပေါ်မှာ

မနက်စောစော ရုံးသွားချိန်
ငြိမ်ငြိမ်လေး ထိုင်နေပေမယ့်
ရထားက ရွေ့နေတယ်။

လူမရှိတဲ့ ပန်းခြံထဲ
တညလုံး ထွန်းညှိထားတဲ့
မီးတိုင်တွေ မငြိမ်းသေးဘူး။

ဘေးခုံက အလုပ်သမားလေးက
သီချင်းတပုဒ်ကို တီးတိုးညည်းလို့။

အိပ်မက်ရှိဖို့ လိုသလို
အဲဒီအိပ်မက်ကို သီချင်းလုပ်ဆို။

တင်မင်းထက်
၂၀၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP