Dec 23, 2013

ရှေးရေစက်

နံရံဆေးရေးပန်းချီကို
အုတ်ခဲကျိုးနဲ့
ဆေးရောင်ထပ်ဖြည့်ခဲ့ကြ။

ခြူးရုပ်ပန်းနွယ်ကြားမှာ
ခေတ်သစ်မြန်မာစာနဲ့
အမှတ်တရလို့ ကဗ္ဗည်းထိုးခဲ့ကြ။

ငလျင်
ရာသီဥတု
သူခိုးသူဝှက်
မှားယွင်းသောသဒ္ဓါတရား
နှစ်ပေါင်းတထောင်။

ဂင်္ဂါမြစ်ဖြတ်ကူးခန်း အနားက
ဘီလူးရုပ်ဟာ
ပြုံးပြုံးကြီး စိုက်ကြည့်နေ။

တင်မင်းထက်
၂ဝ၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP