Dec 23, 2013

လည်ပတ်

ကျွန်တော်က ပျင်းစရာကောင်းတဲ့
သင်တန်းခန်းမထဲမှာ။

အပြင်ဘက် ရေကူးကန်က
ကလေးသံတွေ ကြားနေရ။

ခွေးသွားစိတ်တခုဟာ
ယန္တရားတခုလုံးနဲ့ 
ပြောင်းပြန်လည်ဖို့ ကတော့
မလွယ်လှဘူးပေါ့။

ဆူဆူညံညံနဲ့  ကလေးတွေကရော
အသံမထွက်တဲ့ ခွေးသွားစိတ်တွေ
ဖြစ်လာကြမှလား။

တင်မင်းထက်
၂၀၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP