Dec 23, 2013

သည်မိုးသည်လေ

ကောင်းကင်ယံ သည်မြေကြီးနဲ့
ရင်းနှီးခဲ့ ချစ်ခဲ့တယ်။

စိတ်ကူးယာဉ်
လေနှင်ရာ လွှင့်ချင်စမ်းသာပါ့
ဆိပ်ကမ်းကို ရောက်အောင်လှမ်းခဲ့
ပန်းပွင့်တွေသယ်။

ယုံကြည်ချက် ကွဲအက်လွယ်ရင်ဖြင့်
သစ်ပင်တွေ မြေနဲ့ဝေး
ဆိုမယ့်တေးလည်း ပျောက်ရတာ။

ကြယ်ကြွေခေတ်
နစ်ခဲ့တဲ့ နှစ်တရာ
အပြစ်သာ ထပ်ခါပျိုးရင်တော့
အဆိုးတွေ မြေမှာလွှမ်းလို့
ကမ်းမမြင်သာ။

တင်မင်းထက်
၂ဝ၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP