Feb 9, 2010

ပန်းချီဆရာ အတု

ကျွန်တော် ပန်းချီ မဆွဲတတ်တဲ့ အကြောင်း၊ ပန်းချီကြည့်တာတော့ ဝါသနာပါတဲ့ အကြောင်း ရေးဖူးပါတယ်။

မောက်စ်တလုံးနဲ့ ရွာစဉ်လည်ရင်း တွေ့မိတဲ့ ဆိုဒ်လေးတွေ ဝေမျှလိုက်ပါတယ်။ ပန်းချီ ဆရာကြီးတွေရဲ့ ဆွဲဟန်ကို တုပပြီး၊ အလွယ်ဆွဲလို့ ရအောင် လုပ်ထားပေးတာတွေပါ။ ပန်းချီ ဆရာကြီးဂိုက် ခဏဖမ်းပြီး စိတ်ကြီးဝင်လို့ ရတာပေါ့။


Pablo Picasso


Mr. Picasso Head ဆိုတဲ့ ဆိုဒ်ကပါ။ သူက မျက်လုံး၊ နှာခေါင်း တစစီ ပေးထားတာကို၊ တခုစီဆက်၊ အရောင်ပြောင်း၊ လှည့် စသည်ဖြင့် လုပ်လို့ ရပါတယ်။ ပီကာဆို စတိုင် လက်မှတ်လဲ ထိုးလို့ ရပါတယ်။ ဒါပေမဲ့ ကာတွန်းနဲ့ ပိုတူနေပါတယ်။

Jackson Pollock


Jackson Pollock . org ဆိုတဲ့ ဆိုဒ်ကပါ။ မောက်စ်သွားရာ ဆေးလိုက်ချပေးတာပါ။ ကလစ် နှိပ်ရင် အရောင်ပြောင်းပါတယ်။ မခက်ပါဘူး။ စိတ်လွတ်လက်လွတ် ဆော့လို့ ရပါတယ်။

Andy Warhol


Pop Art Poster ဆိုဒ်ကပါ။ ဝါးဟိုးလ် ရဲ့ မွန်ရိုးဓာတ်ပုံကို အရောင်အမျိုးမျိုးနဲ့ ပိုးဇာပုံနှိပ် လုပ်ထားတဲ့ ပုံ မြင်ဘူးကြမှာပါ။ ကိုယ့်ဓာတ်ပုံကိုအဲဒီလို ပုံစံမျိုး ပြောင်းလို့ရပါတယ်။ အလင်းအမှောင် ပြတ်သားတဲ့ ပုံမျိုး။ ခပ်စောင်းစောင်း ရိုက်ထားတဲ့ ပုံမျိုးဆို ပိုကောင်းပါတယ်။ ၁ ပုံ၊ ၄ ပုံတွဲ၊ ၉ ပုံတွဲ အမျိုးမျိုး လုပ်လို့ရပါတယ်။ ဒါက ကျွန်တော့် သားပုံကို ပြောင်းကြည့်ထားတာပါ။

ကဲ ... ဆော့ကြည့်ကြပါဦး။

9 comments:

kay February 9, 2010 at 4:12 PM  

ဘာရ မလဲ..ဆော့လိုက်အုံးမယ်..း)

ချစ်ကြည်အေး February 9, 2010 at 4:21 PM  

ဒါမျိုးဆို အကြိုက်ပေါ့ နောက်ပို့စ်တွေ ကိုယ်တိုင်ရေး ပန်းချီတွေနဲ့ လာမည်..မျှော်...ဟော်...ဟော်..:))

နွေဆူးလင်္ကာ February 9, 2010 at 7:48 PM  

ဆော့ကြည့်တာပေါ့ဗျာ။

sonata-cantata February 9, 2010 at 9:02 PM  

မီးမီးချော အကြိုက်နေမယ်

သွယ်လင်းဆက် February 9, 2010 at 9:12 PM  

အလုပ်ရသွားပြီ။

ရွှေရတုမှတ်တမ်း February 10, 2010 at 3:03 AM  

ရှာဖွေလေတွေ့ရှိလေ..ကျေးဇူးပဲဗျို့

ပွင့်မြုးဇင် February 10, 2010 at 7:52 AM  

ဆော့လိုက်ဦးမယ်.. ၀ါသနာက သိပ်မပါရှာဘူးဆိုတော့ :)

သက်ဝေ February 18, 2010 at 10:43 AM  

Jackson Pollock ကို အကြိုက်ဆုံးပဲ...
အရောင်စုံ အလုံးအလုံးတွေ ဆွဲပြီးတော့ ရောင်စုံပူဖေါင်းများလို့ နာမည်တပ်မယ် စဉ်းစားထားတယ်...း))

ဆရာကြီးဂိုက် ခဏဖမ်းပြီး စိတ်ကြီးဝင်လို့ ရအောင် မျှဝေပေးတဲ့ ကိုတင်မင်းထက်ကို ကျေးဇူးတင်ပါကြောင်း...

ShwunMi- February 18, 2010 at 10:42 PM  

ဒါလေးတွေ မျှဝေတဲ့တွက် ကျေးဇူး အများကြီး တင်ပါတယ်..
း-)

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP