Feb 25, 2010

မြန်မြန်

မြန်မြန်

နည်းပညာတွေကနေ့စဉ်ဘဝထဲကို ရောက်ရောက်လာတယ်
ကင်မရာ အမ်ပီဖိုး အပိုဆာဒါးတွေများတော့ ဖုန်းဘယ်လိုခေါ်ရမလဲမသိတော့ဘူး
ပင်လယ်နှစ်ခုခြားနေတဲ့ သူငယ်ချင်းနဲ့ရော ခုနှစ်ဘူတာဝေးတဲ့ ညီနဲ့ရော
မျက်နှာစာအုပ်မှာတော့ မျက်နှာချင်းဆုံဖြစ်ကြပါတယ်
လက်နဲ့ရေးတဲ့စာကို စာလုံးပေါင်းစစ်မရတာ တော်တော်ဆိုးတာပဲ
ဂိမ်းသီအိုရီဖတ်ကြည့်ရင်ကောင်းမလားလို့ စဉ်းစားမိတော့
အွန်လိုင်းဂိမ်းကစားတဲ့ သားငယ်နဲ့ ဒီညစစ်ဖြစ်ရလိမ့်မယ်
ဒီကဗျာကိုရေးတာ နာရီဝက်နဲ့စက္ကန့်နှစ်ဆယ်တိတိကြာတယ်
ဂတ်စတာနာလှည့်ဖို့ (ဒါမှမဟုတ်) စာတိုက်ကပို့ဖို့မလိုတော့ဘူး
ဘလော့ဂ်နဲ့ ဖိုရမ် ၂ နေရာခွဲတင်ဖို့ နောက် ဆယ့်ငါးမိနစ်ကြာမယ်

တင်မင်းထက်
၂၅.ဝ၂.၁ဝ (၁၅း၁၁း၂၆ နာရီ)

6 comments:

မြှား(တေဇာ) February 25, 2010 at 3:48 PM  

ဒီကဗျာကို ဖတ်လို့ မပြီးသေးဘူး..
အချိန် ဘယ်လောက် ကြာမယ် မသိသေး..း)

မမသီရိ February 25, 2010 at 8:06 PM  

ဝေး....
တချို့နေရာတွေသာ မြန်နေတာ မြန်ချင်နေကြတာ
ဇရာ နဲ့ သေခြင်းတရား အတွက်ကျတော့ လူတွေ က နှေးချင်နေပြန်ရော မို့လား..
ဆေး ထုတ်လုပ်သူတွေ
ဆေးရုံကြီးတွေ
အထူးကုတွေ .. အလုပ် ကို.. ဖြစ်လို့...

MANORHARY February 25, 2010 at 10:23 PM  

ကိုယ့်ဆီကနေ လာဖတ်ရတာတော့ တော်တော်ကြာတယ် .. ခက်ခက်ခဲခဲ ကြိုးစားပမ်းစား
မန့်ဖို့ထပ်ကြိုးစားတော့ နောက်ထပ်မိနစ်များစွာ
ဒါပေမယ့် ကိုယ်တို့က မွေးကတည်း ခန္တီစနဲ့
ဘာကိုမှ အမြန်အလို မရှိဘူး ...း))

မိုးစဲနေ February 27, 2010 at 5:54 AM  

ရထားအမှီလေး မြန်မြန်လာဖတ်သွားပါသည် တနင်္ဂနွေနေ့အားလပ်ရက်မှာတော့ ကော်ဖီဆိုင်တဆိုင်ဆိုင်မှာ အခြားကဗျာတွေလဲ အင်တာနက်ကြီးနဲ့မြည်းတာပေါ့..ဗျာ...

လင်းဒီပ February 27, 2010 at 9:18 AM  

ခပ်မြန်မြန်ခံစားရတဲ့ ခေတ်ကြီး....

တင်မျိုးထက် February 27, 2010 at 10:06 PM  

စာတိုက်ကပို့ဘူးဘဲနဲ့ :P

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP