Apr 19, 2011

လရောင် ၁၉

ကျွန်တော် မနက်ရုံးသွားချိန်က တော်တော်စောပါတယ်။ မနက် ၆ နာရီဆို ရထားပေါ်ရောက်နေပြီ။ ဒီနေ့မနက် ဘူတာရုံကို လမ်းလျှောက်သွားတော့ လက သာနေတုန်း။ ရုံးကိုရောက်တော့ ၇ နာရီကျော်။ တာဝါကရိန်းတွေကြားက တိမ်တိုက်ထဲမှာ လက သာနေတုန်း။

ရုံးဆင်းတော့ ညနေပိုင်း ဒီပလိုမာလေး ပြေးတက်။ ဘူတာကနေ အိမ်ကို လျှောက်လာတော့ ည ၁၀ နာရီ။ လက ထိန်ထိန်သာလို့။

လနဲ့အတူ အိမ်ကထွက်ပြီး လနဲ့အတူ အိမ်ပြန်လာတဲ့ နေ့တနေ့ ဧပြီ ၁၉။






Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP