Sep 4, 2014

လျှို့ဝှက်ချက်

သေရွာပါမယ့် လျှို့ဝှက်ချက်ဆိုတာ
သိမ်းဝှက်ထားတဲ့ ရတနာတွေ
ရာဇဝတ်မှု ကြီးကြီးမားမား
ဘာတခုမှ မဟုတ်။

အတန်းဖော်ကောင်မလေးကို
နာရီဒိုင်ခွက်ကနေတဆင့်
ခိုးခိုးကြည့်တာမျိုး။

ယုန်သွားလေးနဲ့ဆရာမကို
သိပြီးသားစာတွေ
သွားသွားမေးတာမျိုး။

နမူနာပြောကြည့်တာသက်သက်ပါ
၁၆ နှစ်သားတုန်းက
တကယ့် လျှို့ဝှက်ချက်တွေဆို
သူတို့လည်း သေချာသိမ်းထားကြမှာ။

တင်မင်းထက်
၂၀၁၄

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP