May 31, 2011

ကိုယ်နှင့်သက်ကို

ကိုယ်နှင့်သက်ကို

သေခြင်းဟာ
ဝေးကွာသလိုနဲ့ နီးလှတယ်။

မသေခြင်းကတော့
ကိုယ့်အတွင်းမှာတဲ့
ဒါပေမဲ့ ဝေးလှတယ်။

ကိုယ်နဲ့သက်ကို
ပူဇော်ပါ၏
နီးခြင်းနဲ့ ဝေး၍
ဝေးခြင်းနဲ့ နီးပါရစေ။

တင်မင်းထက်
၃၁.ဝ၅.၁၁

Read more...

May 3, 2011

အိပ်မက်တိတ္ထုံ (လှေကား)

Photo: Pierre Jahan

အိပ်မက် - ၉

လှေကား

လှေကားတစင်းကိုအိပ်မက်မြင်မက်တဲ့အခါ
လွယ်ကူ (သို့) ခက်ခဲစွာ လှမ်းတက်လိုက်ဖို့ကလွဲရင်
ရွေးချယ်စရာ များများမရှိတော့ပါ။
နှစ်ဘဝတိုင်တိုင်လွဲချော်ခဲ့ရသော နေရောင်ခြည်တခု
စိတ်ကောက်တတ်တဲ့ ခရမ်းရောင်ပန်းလေးတပွင့်
(ဒါမှမဟုတ်) အမြဲဆုံနေကျ နောက်ထပ်လှေကားတစင်းက
သင့်ကို စောင့်ကြိုနေပါလိမ့်မယ်။

Read more...

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP