Jun 19, 2012

ကျွန်တော်သည်လည်း ငှက်တကောင်

ဘဝမှာ ...
သိပ်များများလည်း မလိုချင်တော့ပါ
သီးပင်စားပင်နည်းနည်း
ခပ်ကျဉ်းကျဉ်း ကောင်းကင်တစ
ဝပ်ကျင်းလေးက တခု။


တကိုယ်စာ
ငြိမ်းဖို့ချမ်းဖို့ အတွက်တောင်
တခါတခါ ပူလောင်ပျံသန်းခဲ့ရ။


ငြိမ်းချမ်းပါစေမြန်မာပြည်ဆိုတဲ့ ငှက်ကလေး
လှောင်အိမ်ကနေလွတ်မြောက်လာတဲ့ ငှက်ကလေး
သံလွင်ခက်နဲ့စပါးနှံကို သယ်ဆောင်လာတဲ့ ငှက်ကလေး
မိခင်ရဲ့ကျေးဇူးကို တေးလိုသီဆိုနိုင်ပါစေ။


တင်မင်းထက်
(၁၉ ဇွန် ၂ဝ၁၂)

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP