Feb 28, 2013

အပ်ကွက်

ဂိမ်းထဲမှာ လယ်ဗယ် ၁၈၁
ချောင်ပိတ်မိနေ။

ရုံးမှာ လယ်ဗယ် ၆
ချောင်ပိတ်မိနေ။

ဘာသာရေး လယ်ဗယ်သုည
ချောင်ပိတ်မိနေ။

တင်မင်းထက်
၂၀၁၃

ကောင်းကင်ပျောက်သူ

ကမ္ဘာကြီးကို မပြောင်းလဲနိုင်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲလိုက်ကြ
ပင်ဂွင်းတွေ ရေထဲမှာပျံတယ်။

တင်မင်းထက်
၂ဝ၁၃

Feb 13, 2013

ရာသီပျောက်သူ

ပန်းတွေ အစစ်နဲ့အတုရောလို့
ဥဩငှက်ရဲ့အသံဟာ
မိုးရေတွေနဲ့ ခိုက်ခိုက်တုန်။

တင်မင်းထက်
၂ဝ၁၃

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP