Aug 18, 2014

အိပ်မက်ပင်လေးတွေ

နားထောင်ချင်တဲ့ သီချင်းကို
ငါတို့ ဆိုကြရအောင်။

ဒီလိုနဲ့ပဲ
ငါတို့နောက်တခေါက် မျှော်လင့်ကြ
ဒီလိုနဲ့ပဲ
ငါတို့နောက်တခေါက် စိတ်ပျက်ကြ။

ကောသလအိပ်မက်တွေက
လူကြိုက်လည်းမများလှဘဲ
ပွဲတော်ရာသီရောက်တိုင်း
နောက်ဆက်တွဲ အိပ်မက်တခု
ရုံတင်တယ်။

အဲဒီ ပုံစံမကျတဲ့
အိပ်မက်ပန်းအိုးဟောင်းထဲကို
ကလေးတွေရဲ့ အိမ်မက်ပင်လေးတွေ
မစိုက်လိုက်ကြနဲ့။

ငါတို့ ကလေးကဗျာရေးရမယ်
အဲဒီကဗျာတွေထားဖို့
စာကြည့်တိုက်လည်း ဆောက်ရမယ်
ကဗျာဖတ်တတ်အောင်လည်း
သင်ပေးရမယ်လေ။

ဘယ်ကစမလဲဆိုတော့
ဒီနေရာက စရမှာပဲ
ဘယ်မှာဆုံးမလဲဆိုတော့
မဆုံးအောင် ဆက်ကြရမှာ။

ဖတ်ချင်တဲ့ ကဗျာမရှိမှတော့
ငါတို့ ရေးရတော့မှာပေါ့။

တင်မင်းထက်
၂၀၁၄

DIY

democracy’s fate
i alone cannot make
you all need to participate

tin min htet
2014

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP