Jun 21, 2016

ပျော်ရွှင်ခြင်းရဲ့ အရောင်

မိုးတွေ အများကြီး
ရွာပြီးစ မြက်ခင်း
သားနဲ့ ကျွန်တော်
ပြိုင်တူ လက်ညှိုးညွှန်မိ
ရေလွှာပါးပါးလေးအောက်က
အစိမ်းရောင်

လူရှုပ်ထွေးတဲ့ မြစ်ထဲကို
မြင်းကျားတကောင် ဖြတ်ကူးခဲ့
ဘူတာထဲက
ကလေးလက်ထဲက
မိုးပျံပူပေါင်း အဖြူနဲ့အနက်

စားသောက်ဆိုင်မှန်ပုံးထဲမှာ
ကူးခတ်ပျော်ရွှင်နေသလို ထင်ရတဲ့
ငါးက
ကျွန်တော့်ကို လှမ်းပြောတယ်
မင်းရဲ့ကန်က သိပ်ကြီးတော့
မင်း ကူးခတ်ရတာ သိပ်မောမှာပဲ
အနီရောင်

အပြာရောင်နှင်းတွေ တဖွဲဖွဲ
ကျ မလာသေးခင်အထိ
နေရောင်ခြည်ရဲ့ ဝတ်စုံဟာ
အဝါရောင်

တင်မင်းထက်
၂၀၁၆

Jun 6, 2016

---

ုခြင်က ကျွန်တော့်ကိုကိုက်တယ်
ကျွန်တော်က သူ့ကိုရိုက်တယ်
ပြီးမှ နည်းနည်းစိတ်မကောင်းဖြစ်မိ
သံသရာဟာ ဒီလိုပါပဲ
သံသရာဟာ ဒီလိုပါပဲ
ကျွန်တော့်သွေးတွေ သူ့သွေးတွေ

တင်မင်းထက်
၂၀၁၆

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP