Aug 16, 2016

ရူးတဲ့စိတ်

ကြယ်တပွင့်ကို
ကိုယ်ကြိုက်တဲ့နာမည်ပေးပြီး
မွေးစားဖို့က
၁၀ ဒေါ်လာမျှသာ

အရှားပါးဆုံး ဆိုတဲ့
ငွေဒင်္ဂါးရဲ့ တန်ကြေးဟာ
မြန်မာကျပ်ငွေ
ကုဋေ ၁,၀၀၀ မက

မဖတ်ဖြစ်တဲ့ စာအုပ်တွေ
စုတယ်
တကယ်မရှိတဲ့ အကောင်တွေ
ဖမ်းတယ်
မင်းနဲ့အတူတူ ညနေခင်းကို
ငေးတယ်

အရူးသေးသေးလေးတွေ
ရှိနေတော့
အန္တရာယ်ကြီးတဲ့ အရူးမျိုးတွေ
ဝင်မလာ နိုင်တော့ဘူးပေါ့

ကာကွယ်ဆေးဆိုတာလည်း
ဒီသဘောပဲ မဟုတ်လား

တင်မင်းထက်
၂၀၁၆

Aug 3, 2016

ပြဇာတ်

သဘာဝအတိုင်း လှဖို့
မိတ်ကပ်နည်းနည်း

လူလုပ်မြက်ခင်း
စိမ်းမြလတ်ဆတ်

မမှည့်ခင်ခူးတဲ့
သစ်သီးတွေက
ပိုပြီး ချိုပြတတ်တယ်

တင်မင်းထက်
၂၀၁၆

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP