Jun 19, 2009

သူရဲကောင်း

တကိုယ်တော် လွတ်မြောက်ရေး
ကလေးတွေ ပညာရေး၊ မိသားစု လုံခြုံရေး
အမျိုးမျိုး အကြောင်းပြချက်တွေနဲ့
သန်းခေါင်စာရင်း အစစ်မခံရတဲ့အရပ်မှာ
အခြေချဖြစ်ပါတယ်

အရိပ်ခိုခဲ့ပါတယ်..
အသီးစားခဲ့ပါတယ်..
ရယူခဲ့တာက အများသား
ပြန်ပေးဆပ်ခဲ့တာက ခပ်ပါးပါး
ဒါပေမဲ့..
အမိမြေကို အကိုင်း မချိုင်ခဲ့ဘူး
အမိမြေကို သင်း မသတ်ခဲ့ဘူး

ဪ..
သူရဲကောင်း ဆိုတာက
ကျွန်တော့်အကြောင်း မဟုတ်ပါဘူး

အချစ်၊ မိသားစု၊ အလင်းရောင်
ဘဝတခုလုံး မြှုပ်နှံ
စစ်၊ ယုံကြည်ချက်၊ အကျဉ်းထောင်
အားလုံးအတွက် အနစ်နာခံ
ပြည်သူချစ်တဲ့ သူရဲကောင်းတွေ
မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြစေ

တင်မင်းထက်
ဝ၄.ဝ၆.ဝ၉

(မြန်မာကျူးပစ်တွင်ဖော်ပြပြီး ..)

16 comments:

tin min htet June 19, 2009 at 1:35 AM  

Please use Myanmar3 or other Unicode Fonts.

(or)

Can convert Zawgyi to Myanmar3 by ..
http://burglish.googlepages.com/fontconv.htm

thanks, tmh

ကိုလူထွေး June 19, 2009 at 3:47 AM  

ရေးကြည့်ဦးမယ်.. သူများတွေကတော့ မရဘူး ပြောနေကြတယ်...

ဥုံဖွ...

ကိုလူထွေး June 19, 2009 at 3:49 AM  

ရေးလို့တော့ရပြီ... တကားလုံးတွေက ဝေဝါးနေတုန်းပဲ... မချိုသင်းဆီက ဇော်ဂျီနဲ့ ပြန်စမ်းကြည့်ပါလား...

ကိုလူထွေး June 19, 2009 at 3:54 AM  

ဘလော့အားလုံးလိုလိုက ဇော်ဂျီသုံးကြတာဗျ...
ယူနီကုတ်ထက် ဇော်ဂျီက အားလုံးအတွက် ပိုအဆင်ပြေမလားပဲ...

းဝ)

မေငြိမ်း June 19, 2009 at 6:25 AM  

သေချာတာက ဟိုးတုန်းကတည်းက နှစ်ခြိုက်ခဲ့ရသော ကဗျာရေးသူတွေထဲ တင်မင်းထက်သည်လည်း အပါအ၀င်ဖြစ်ကြောင်း သတိတရ ပြောချင်ပါ၏...

MANORHARY June 19, 2009 at 7:03 AM  

စိတ်တွေကို တိမ်တွေနဲ့ကျောက်ချထားရတိုင်း သတိရနေမိတတ်သော
ကဗျာများ၏ ပိုင်ရှင်........သင့်အား ..ကြိုဆိုပါ၏။

ATN June 19, 2009 at 9:24 AM  

ကြိုဆိုပါ၏...
ဘလော့ အဖွင့် ကဗျာမှသည် နောင်ဖွဲ့သီမည့် ကဗျာများအား ကြိုဆိုလျက်ပါ...
အစစ အရာရာ အဆင်ပြေပါစေ...

cmt June 19, 2009 at 4:06 PM  

Tin Min Htet,

Very great that you launch your blog with such a nice one reflecting the current images.

Keep on..
Mg.Ch

tin min htet June 19, 2009 at 10:30 PM  
This comment has been removed by the author.
ဂျူနို June 20, 2009 at 3:33 PM  

မအယ်လည်း ရေးခဲ့တယ်လေ။ ဘယ်ရောက်သွားလဲ။ ခုဒါက ပို့ စ်နဲ့ မဆိုင်တဲ့
ဘလော့နဲ့ ဆိုင်တဲ့ ကွန်ပလိမ်း။

ဂျူနို June 20, 2009 at 3:35 PM  

ဘာတွေ လဲ။ ကိုယ့်ဘာကိုယ်တောင် နားမလည်ဘူး။
ဒွတ်ခ

ဂျူနို June 20, 2009 at 3:37 PM  

ဘိုလိုရေးရတော့မယ် ထင်တယ်။
စိတ်ညစ်လာပြီနော်

ဂျူနို June 20, 2009 at 3:41 PM  

မိခင်ရဲ့ နှောင်ကြိုးကို သူရဲကောင်းတွေ အမြန်ဖြေနိုင်ပါစေလို့ ဆုတောင်းပါတယ်။


မအယ်

မိုးလှိုင်ည June 20, 2009 at 3:52 PM  

မင်္ဂလာပါခင်ဗျာ

သူရဲကောင်းဆိုတဲ့ကဗျာလေးနဲ့
စဖွင့်လိုက်တဲ့ ဒီဘလော့လေးကနေ
ကဗျာအနုပညာတွေ ဆက်လက်မျော်လင့်နေပါစေ
ခင်မင်လေးစားလျှက်

ကဗျာချစ်သူ,  July 3, 2009 at 11:02 AM  

ကဗျာတွေများများရေးနိုင်ပါစေ

လင်းဒီပ July 28, 2009 at 8:38 PM  

မိခင်ရဲ့နှောင်ကြိုးကို ဖြည်နိုင်ကြပါစေ
ထပ်တူ ဆန္ဒပြုပါတယ် အစ်ကို..။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP