Sep 25, 2009

ရပ်တန့်နေသော နေ့စွဲများ



Photo: parasolgarden.com

ရပ်တန့်နေသော နေ့စွဲများ

ငယ်ငယ်တုန်းကမုန့်တွေကပိုချိုတယ်
အချိန်တွေကလည်းပိုကြာတယ်
စာသင်နှစ် တနှစ် တနှစ် ဆိုရင်
မပြီးဆုံးတော့ဘူးထင်ရလောက်အောင်ကြာတယ်
နွေကျောင်းပိတ်ရက်တွေကလည်း
စာတွေအားလုံးပြန်မေ့သွားတဲ့အထိကြာတယ်။

ခုတော့
ဆံပင်တွေရှည်လာမှ
တလကုန်မှန်းသိတော့တယ်။

ခု ဒီဇင်ဘာထွက်ရင်
နောက် ဒီဇင်ဘာ လူစားဝင်မယ်တဲ့
ကစားပွဲက ရပ်လို့မရဘူးလေ။

မက်တဲ့ အိပ်မက်အလိုက်
ညတာ ရှည်လိုက် တိုလိုက်ပါပဲ။

လေထဲမှာချိတ်ဆွဲထားတဲ့ ပန်းဆိုင်းလေးတွေလို
ရပ်တန့်ငြိမ်သက်စွာ အမြဲမွှေးမြနေတာကတော့
သူနဲ့ကျွန်တော်ရဲ့ မြကျွန်းသာနေ့စွဲများ ...။

တင်မင်းထက်
၂ဝဝ၉

5 comments:

လင်းဒီပ September 25, 2009 at 5:42 PM  

ဟုတ်တယ် အစ်ကို
တစ်နှစ်မပြောနဲ့ တစ်ရက်ခြင်း စေ့စေ့တွက်ရေနေတာ...၂၄ နာရီကလည်း မြန်သွားတယ်..။ငယ်ငယ်တုန်းက ပိုကြာသလို..။
ဘာပိုထူးလာလဲဆိုတော့
နှုတ်ခမ်းမွှေးတွေ ဆံပင်တွေ ခဏခဏ ရိတ်ပေး ညှပ်ပေးရ..
နှာဖူးရည်တွေ တွန့်လာ...
စိတ်က ပြန့်ပြန့်ရန့်ရန့် မရှိတော့ ဘာလာ တင်တင် ဖုထစ်လာတယ်..။

“လေထဲမှာချိတ်ဆွဲထားတဲ့ ပန်းဆိုင်းလေးတွေလို
ရပ်တန့်ငြိမ်သက်စွာ အမြဲမွှေးမြနေတာကတော့
သူနဲ့ကျွန်တော်ရဲ့ မြကျွန်းသာနေ့စွဲများ ...။”

အဲဒါလေးကတော့ အနှစ်ပဲ..။

သူမ September 25, 2009 at 6:08 PM  

အချိန်ကုန်မြန်ပြီး အချိန်မလောက်တာတော့ အမှန်ပဲ။ (အချိန်ကိုသေချာသုံးဖို့ ခွဲခြမ်းစိတ်ဖြာတဲ့)ပညာ ပိုရှိဖို့လိုလာတဲ့ ကိန်းလား။

MANORHARY September 25, 2009 at 6:34 PM  

ဟုတ်တယ်
ဆံပင်တွေရှည်လာမှ
တစ်နှစ်ကုန်တော့မယ်မှန်းသိတယ်
အလွမ်းတွေကလည်းဆံပင်တွေနဲ့အတူရင့်အို ရှည်ကျလာခဲ့
အဲဒီမြကျွန်းသာနေ့ရက်တွေပါပဲ
ဘဝမှာ အဓိပ္ပာယ်ကောင်းကောင်းရှိခဲ့တာ
အဲဒီသက္ကရာဇ်တွေသာ မပါခဲ့ရင်
ခုချိန်ဘာကိုတမ်းတ သက်ရှင်မလဲ...

kay September 25, 2009 at 10:40 PM  

အချစ်- အလွမ်း-ဆိုတဲ့ စိတ်ရဲ့ခံစားချက်တွေက.. အသက်- အချိန်- အရွယ် ဆိုတာတွေ နဲ့.. တိုက်ရိုက်အချိုးလား..ပြောင်းပြန် အချိုးလား..

သူနဲ့ ကျနော်ရဲ့ မြကျွန်းသာနေ့စွဲများက.. တခန်းရပ်လား..အခန်းဆက်လား..း))

minthant2009 September 27, 2009 at 12:42 PM  

ငိုလိုက်မှာနော်......

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP