မေးခွန်းနံပါတ် ၁ဝ
The Rose : Salvador Dali
သူသည် ...
(က) ကျွန်တော်၏ ပျောက်ဆုံးနေသော ခန္ဓာကိုယ်တခြမ်း။
(ခ) ကျွန်တော်၏ နှလုံးသားနှင့် အနီးဆုံးနေရာမှ နံရိုးတချောင်း။
(ဂ) ကျွန်တော့်နှဖူးတွင် နတ်တို့ရေးထားသော အမည်နာမ၏ပိုင်ရှင်။
(ဃ) ကျွန်တော့်ကို စူးဝင်နေသည့် ရွှေစင်မြား၏ လေးညှို့ရှင်။
(င) အထက်ပါ အချက်များ တခုမှ မမှန်ပါ။
မည်သည့်အဖြေကို ရွေးချယ်သည်ဖြစ်စေ -
သူသည် ...
သူဖြစ်နေခြင်းကပင်
ကျွန်တော့်အတွက် ပြည့်စုံလှပနေပါသည်။
တင်မင်းထက်
(၁၄.၁၁.၂ဝဝ၉ ဆယ်နှစ်ပြည့် မင်္ဂလာ)