Nov 14, 2009

မေးခွန်းနံပါတ် ၁ဝ


The Rose : Salvador Dali

မေးခွန်းနံပါတ် ၁ဝ

သူသည် ...
(က) ကျွန်တော်၏ ပျောက်ဆုံးနေသော ခန္ဓာကိုယ်တခြမ်း။
(ခ)   ကျွန်တော်၏ နှလုံးသားနှင့် အနီးဆုံးနေရာမှ နံရိုးတချောင်း။
(ဂ)   ကျွန်တော့်နှဖူးတွင် နတ်တို့ရေးထားသော အမည်နာမ၏ပိုင်ရှင်။
(ဃ) ကျွန်တော့်ကို စူးဝင်နေသည့် ရွှေစင်မြား၏ လေးညှို့ရှင်။
(င)   အထက်ပါ အချက်များ တခုမှ မမှန်ပါ။

မည်သည့်အဖြေကို ရွေးချယ်သည်ဖြစ်စေ -
သူသည် ...
သူဖြစ်နေခြင်းကပင်
ကျွန်တော့်အတွက် ပြည့်စုံလှပနေပါသည်။

တင်မင်းထက်
(၁၄.၁၁.၂ဝဝ၉ ဆယ်နှစ်ပြည့် မင်္ဂလာ)

15 comments:

မမသီရိ November 14, 2009 7:01 PM  

ဝေး....
၁၀ နှစ်ပြည့်မှ သည်.. နှစ်ပေါင်း ရာချီတဲ့ထိ
နှစ်ကိုယ်တူ ယှဉ်တွဲ.. လက်ချင်းမြဲ ခိုင်
ချစ်သထက် ချစ်..
ကြင်နာ သထက် ကြင်နာ..
မေတ္တာ မိုးတွေ.. ဖြိုးဖြိုး ဝေ ကြပါစေ.....

မမသီရိ November 14, 2009 7:09 PM  

http://mamathiri.blogspot.com/2009/07/blog-post_1255.html#comments

အဲဒါ က လက်ဆောင်..း)

စကားလုံးတွေ ပြောင်းပြီး.. ချစ်သူ ကို ရွတ်ပြ လိုက်..း)

Kay November 14, 2009 7:41 PM  

ဆယ်နှစ်ပြည့်အတွက်.. ၀မ်းမြောက် ကြည်နူးစွာဖြင့်--း)

ပွင့်မြုးဇင် November 14, 2009 8:22 PM  

ဆယ်နှစ်မှသည် နှစ်ပေါင်းများစွာ ပျော်ရွှင်စရာမိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ပါစေ..

Anonymous,  November 14, 2009 10:03 PM  

Many More To Come !!
manorhary

thitkaungeain November 15, 2009 12:39 AM  

ဟားဟား
စားကောင်းသောက်ကောင်း
ချွဲချက်ကတော့လန်ထွက်နေတယ်
သံသရာဆယ်ဆက်မက ပျော်ရွှင်ပါစေဗျာ

ဆောင်းယွန်းလ November 15, 2009 10:54 AM  

ွှအလို....ဆယ်နှစ်ပြည့်မင်္ဂလာမှာ ဆိုထားတဲ့စာက ပီပြင်တယ်ဗျာ
အိမ်သူကတော့ ပျော်နေမှာပဲနော်.....

အောင်သာငယ် November 15, 2009 12:34 PM  

သည်လူ သည်လူချင်း အထူးအထွေ ပြောစရာမလိုပါ... ဆယ်နှစ်ပြည့် မင်္ဂလ လှပနိုင်ပါစေ...

sonata-cantata November 15, 2009 10:59 PM  

ဆယ်နှစ်ပြည့် မင်္ဂလာမှသည် ပုလဲ.. ငွေ.. ရွှေ ရတု တိုင်ပါစေ

စုချစ် November 15, 2009 11:00 PM  

နှစ်တစ်ရာ မကတိုင် မြဲမြဲချီထားနိုင်စေသော်....
http://a.imagehost.org/0809/htet-s.jpg
း-)

Anonymous,  November 16, 2009 1:48 AM  

အတူတူဘဲ ... ဒီကလည်း ဆယ်နှစ်
ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘ၀ လေး အမြဲတမ်း လှပ နိုင်ပါစေလို့...

mie nge

Moe Cho Thinn November 16, 2009 7:58 AM  

အဟမ်း အဟမ်း..
ရွှေတိုးရေ သတိ သတိ။ သူ ချွဲနေပြီ..။

သူငယ်ချင်းတို့ ဇနီးမောင်နှံ ပျော်ရွှင်စွာ ဘ၀ဆက်တိုင်း ဆုံဆည်းနိုင်ပါစေ။

လင်းဒီပ November 16, 2009 7:49 PM  

အစ်ကိုရေ ဆယ်နှစ်ပြည့်မှသည် ဆယ်သက်ဆယ်ကမ္ဘာတိုင်ပါစေ...။
(အစ်ကို ကဗျာလေးတော့ သုတ်သွားတယ်ဗျ..ဟီး)

T T Sweet November 17, 2009 7:00 AM  

ဆယ်နှစ်ပြည့်မှ သက်ဆုံးတိုင် ... ဆံဖြူသွားကြွေသည်အထိ ချစ်ခင်ပါစေသော်။

ကဗျာဆရာဆိုတော့ ရေးထားတာ လန်ထွက်နေတာပဲ ... စကားလုံးတွေက ... ကဗျာဆရာရဲ့ မဒမ်ဖြစ်ရတာ ဒီတစ်ခုကောင်းအိ။ ဟိဟိ

သက်ဝေ November 23, 2009 1:35 PM  

ကိုတင်မင်းထက်...
ကိုယောဟန်အောင်ဆီကနေ တဆင့် ရောက်လာပါတယ်...။ အဲဒီက Comment မှာရေးထားတဲ့ ငယ်ငယ်က ဖတ်ခဲ့ဖူးတယ်ဆိုတဲ့ မောင်မောင်ဖြူရေးတဲ့ မရဏမောင်းလော အောင်စည်လော ဆိုတဲ့စာအုပ်ကို စိတ်ဝင်စားလို့ပါ။ အခု ဘယ်မှာ ရှာလို့ရမလဲ.. ဒါမှမဟုတ် အွန်လိုင်းမှာ ဖတ်လို့ရတဲ့ နေရာရှိရင် ပြောပြပေးစေချင်ပါတယ်...။ ကြိုတင် ကျေးဇူးတင်နေပါမည်...။

ပြီးတော့ ရက်တွေတော့ တော်တော်နောက်ကျနေပါပြီ... ဒါပေမယ့် ဆုတောင်းသွားတယ်နော်... ဆယ်နှစ်ပြည့် ချစ်ခရီးမှသည် နှစ်ပေါင်းများစွာတိုင် ရွှေလက်ခိုင်ခိုင်တွဲနိုင်ပါစေ လို့...
Love each other, more than ever...!!!

Post a Comment

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP