May 29, 2010

ညများ

ညများ

ငါတို့ စောင့်ခဲ့ကြတယ်
မြစ်တွေခမ်းခြောက်ချိန်ထိ ..
ငါတို့ စောင့်ခဲ့ကြတယ်
ကြယ်တွေကျဆုံးချိန်ထိ ..။

သစ်တောတွေရော နှင်းဆီပန်းတွေပါ
မီးလောင်နေခဲ့ပြီ
ငါတို့ ငိုကြွေးဖို့မေ့လျော့
ငါတို့ စိုက်ပျိုးဖို့မေ့လျော့
ငါတို့ဘာကိုစောင့်ခဲ့ကြတယ် ..
ဆိုတာကိုလည်း .. သတိမရကြတော့။

အမှောင်ထဲကနေ အလင်းကို
အလင်းထဲကနေ အမှောင်ကို
တယောက်မျက်လုံးကို တယောက်
ငါတို့ စိုက်ကြည့်နေကြရင်း
ငါတို့ စောင့်ခဲ့ကြတယ်။

တင်မင်းထက်
၂၉ဝ၅၁ဝ

7 comments:

tin min htet May 29, 2010 at 6:55 PM  

ဘလော့ဂ်မရေးဖြစ်တာ၊ အတော်ကြာသွားပါပြီ။ လာနှုတ်ဆက်တဲ့ သူတွေကိုလည်း မပြန်ဖြစ်။ သူများ ဘလော့ဂ်တွေကို ရောက်တတ်ပေမယ့် ဘာကွန်မန့်မှ မရေးဖြစ်နဲ့ ..

"လူတွေ အသွားအပြန်လုပ်တဲ့ ပလက်ဖောင်းပေါ်ကနေ
မိတ်ဆွေတချို့ကို အပြုံးနဲ့နှုတ်ဆက်လိုက်တယ်
...............................
သင်တို့အပေါ်တာဝန်မကျေသလိုများ ဖြစ်နေပြီလား
အဆင်မပြေသေးတော့ ဝေးနေရတယ် မိတ်ဆွေတို့ရေ"
(ခင်ဝမ်း)

Hit Counter ကိုတော့ ဖြုတ်ထားလိုက်တယ်။ တကယ်က ၃ သောင်းကျော်ပဲ ဖြစ်ရမှာ၊ အယ်ရာ တခုတက်သွားပုံရတယ်။ ခုပြန်ကြည့်တော့ ၂ သိန်းဖြစ်နေတယ်၊ ရှက်စရာကြီး

pandora May 29, 2010 at 7:39 PM  

"Life is waiting" တဲ့။ အခုပဲ Tom Hunks ရဲ့ The Terminal ကြည့်နေတယ်။

ချစ်ကြည်အေး May 29, 2010 at 8:17 PM  

ကိုတင်မင်းထက် ကဗျာဖတ်သွားတယ်...
စကားမစပ် ဒီမှာပဲ ရေးခဲ့မယ်နော်...ကျမတို့က ၈၅ အောင်တာ ဆရာကြီး ဦးငြိမ်းမောင်ပဲ...။ မနက်ဖြန်တောင် ဆရာမ ဒေါ်ခင်လေးမြင့် ရောက်နေတုန်း သွားတွေ့ကြဖို့ ရှိတယ်...မြို့မကျောင်းသားဟောင်းတွေ တွေ့ရတာ ဝမ်းသာပါတယ်...:)

ရွှေရတုမှတ်တမ်း May 29, 2010 at 9:28 PM  

ထက်ထက်မိုးဦး နာမည်ကြီးမှပဲ..ထက်ထက်တင်မင်း
ကိုတွေ့ရတော့တယ်..ဘယ်ချောင်ကြား သွားအိပ်နေသလဲ...

johnmoeeain May 29, 2010 at 11:35 PM  

နေမင်း နဲ့ လမင်းသာ ကောင်းကင်မှာ change change သွားတယ်...။ စောင့်သူတွေက စောင့်တုန်း...။
ဒီလိုနဲ့ပဲ... စောင့်ရင်း စောင့်ရင်း...
ကိုယ် စောင့်နေတဲ့ အိပ်မက်ကိုတောင် မက်ဖို့
မေ့ မေ့သွားတယ်ပေါ့ :)

တင်မျိုးထက် May 30, 2010 at 5:29 PM  

ငါတို့ကတော့ မီးပျက်တဲ့ ညများ :P

Anonymous,  May 30, 2010 at 9:44 PM  

ငါတို့ ဘာကိုစောင့်ခဲ့တယ်ဆိုတာ မသိတော့ဘူး
ငါတို့ ဘာကိုစောင့်နေခဲ့တယ်ဆိုတာ မသိတော့ဘူး ..
မနော်ဟရီ

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP