Jun 4, 2010

အသစ်


အသစ်

အိပ်ယာဟောင်း တခုကနေ နိုးထပြီး
ဒီနေ့ထုတ် သတင်းစာဟောင်းတစောင်ကိုဖွင့်
သတင်းဟောင်းတွေ ဖတ်နေမိတယ်။

ငါတို့ ဆန်းသစ်ရမယ်ဆိုတဲ့
စိတ်ကူးဟောင်းဟောင်းကို ရွတ်ဆိုရင်း
သွားနေကျလမ်းကိုလျှောက်
ကျင့်သားကျအလုပ်တွေလုပ်တယ်။

"သိပ်ဟောင်းတဲ့ကောင်းကင်ပဲ
မင့်အောက်မှာ ပန်းသစ်တို့မပွင့်နိုင်" ဆိုတဲ့
ခေါက်ရိုးကျိုး စကားတွေနဲ့
ကျိန်ဆဲလိုက်သေးတယ်။

အင်တာနက်ဆိုတာကတော့
မဆုံးနိုင်တဲ့ တီထွင်မှုတခုပဲ
ရင်းနှီးပြီးသားနေရာတွေကို
ရောက်ရောက်နေတာကလွဲရင်ပေါ့။

မော်ဒယ်ဟောင်းရဲ့ စာမျက်နှာကိုပိတ်ပစ်ပြီး
မော်ဒယ်သစ်လေးကို ငေးနေမိတယ်
ငါ သစ်နိုင်တာက ဒါပဲရှိတာကိုး။

တင်မင်းထက်
ဝ၃ဝ၆၁ဝ

Photo: www.smh.com.au

6 comments:

ရွှေရတုမှတ်တမ်း June 4, 2010 at 10:04 PM  

ဒီကဗျာကို မိန်းမလက်ဟောင်းကြီး မဖတ်မိစေနဲ့နော်..
တော်ကြာ...မိန်းမအသစ်ငေးတယ်ဆိုပြီး ရန်ဖြစ်နေရအုန်းမယ်

tin min htet June 4, 2010 at 10:31 PM  

နှစ်၂၀ အားပေးလာတဲ့ ယူနိုက်တက်ရယ်
၁၀ နှစ်ပေါင်းလာတဲ့ မဒမ်ရယ်ကတော့ မဟောင်းပါဘူးဗျ :P

johnmoeeain June 5, 2010 at 12:38 AM  

ဟုတ်ပါ့ရှင်...။
အသစ် အသစ်တွေက အဟောင်းဖြစ်ဖြစ်သွားပြီး
အဟောင်းတွေက အသစ်တစ်ဖန်ဖြစ်
အကောင်းတွေကို မမေ့နိုင်အောင် အဖန်ဖန်လည်
ဘ၀ရဲ့ အချိန်တစ်ချို့ကို အင်တာနက်နဲ့ စားသုံးတယ် :P

မေငြိမ်း June 5, 2010 at 10:56 AM  

ဒါကတော့ ၀ါသနာနဲ့လည်း ဆိုင်မယ်ထင်ပါတယ် :P

nyein wai June 5, 2010 at 9:43 PM  

ဗိုလ်ထက်

အဟောင်းလောက်
ဘယ်ဟာမှ မသစ်ဘူးဆိုတာ
ကျနော် ပြောရဲတယ်ဗျား

MANORHARY June 7, 2010 at 1:13 PM  

ဟင်..ငါတို့ကျ ဘာငေးရမလဲ ...း(

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP