Aug 12, 2012

ဘူတာရုံမှာ















ဘူတာရုံမှာ

ရထားကပ်လွတ်သွားတယ်
မကျေမနပ်နဲ့  စာတန်းက
၅ မိနစ်လို့  ပြနေတယ်
နောက်ထပ်ရထားတစီးလာမယ်
ပြီးရင် နောက်ထပ်တစီး
တစီးပြီးတစီး သေသေချာချာ
ရောက်လာကြလိမ့်မယ်
သေချာတယ်ဆိုပေမယ့်
မချင့်မရဲ ရထားလွတ်သွားတယ်

အခွင့်အလမ်းတွေ
ဘဝအဆက်ဆက် လွဲခဲ့
လူ့ ဘဝကို တခါပြန်ရခဲ့
နောက်တခါထပ်လွဲပြန်တယ်
၅ မိနစ် ...
၅ နှစ် ...
၅ ကမ္ဘာ ...
ဘယ်တော့ ပြန်လာမယ်
မသေမချာဆိုပေမယ့်
နှမြောရမှန်းလည်း
... ... ... မသိတယ်

တင်မင်းထက်
၁၂ဝ၈၁၂

Aug 11, 2012

နေ့များ

နေ့များ

ပျံတယ်
အခြားဘာကိုမှ လုပ်စရာမရှိတော့သလိုမျိုး
ဘယ်ဆီဘယ်ဝယ်
ကိုယ်ကိုယ်တိုင်လည်း မသိတော့သည်အထိ။


အမှတ်သည်းခြေကြီးသလောက်
မေ့မေ့ပျောက်ပျောက်။


ထတယ် ထိုင်တယ်
အဝေးပြေးပြီး အမြင့်ပျံတယ်
ငယ်ဘဝကို ပြန်တွေးတယ်
တဟုန်ထိုး ခုန်ချလိုက်တယ်။


ရုပ်ရှင်ဇာတ်ကားပြီးတဲ့အခါ
ပိတ်ကားပေါ် ဘာတွေကျန်ခဲ့လဲ။


တင်မင်းထက်
၁၁ဝ၈၁၂

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP