Aug 11, 2012

နေ့များ

နေ့များ

ပျံတယ်
အခြားဘာကိုမှ လုပ်စရာမရှိတော့သလိုမျိုး
ဘယ်ဆီဘယ်ဝယ်
ကိုယ်ကိုယ်တိုင်လည်း မသိတော့သည်အထိ။


အမှတ်သည်းခြေကြီးသလောက်
မေ့မေ့ပျောက်ပျောက်။


ထတယ် ထိုင်တယ်
အဝေးပြေးပြီး အမြင့်ပျံတယ်
ငယ်ဘဝကို ပြန်တွေးတယ်
တဟုန်ထိုး ခုန်ချလိုက်တယ်။


ရုပ်ရှင်ဇာတ်ကားပြီးတဲ့အခါ
ပိတ်ကားပေါ် ဘာတွေကျန်ခဲ့လဲ။


တင်မင်းထက်
၁၁ဝ၈၁၂

1 comments:

မြူးမြူး August 11, 2012 at 10:25 AM  

ဇာတ်ကားပြီးတဲ့အခါ ပိတ်ကားပေါ်ဗလာကျန်ခဲ့တယ်.. ခဏတဖြုတ်တော့ ပူပူနွေးနွေးဗလာ.. နည်းနည်းကြာတော့လဲ သူလိုငါလိုဗလာပဲပေါ့..

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP