Jan 10, 2013

ပျော်လို့ရေးတဲ့ကဗျာ


ပျော်စရာမကောင်းဘူးလား
မနက်စောစော အိပ်ရာကထ
ပုံစံတကျဇွန်ဘီတွေလို
အိမ်ကတန်းစီထွက်လာကြ။

ပျော်စရာမကောင်းဘူးလား
မီးလန့်ရာကို ပြေးလိုက်နေရတဲ့
မီးသတ်သမားလို တနေ့တာ
ကိုယ့်ဖာသာကိုယ် မီးသတ်သမားလား
မီးသတ်လှေကားလား မီးသတ်ကားလား
မသိတော့တဲ့ အထိ။

ပျော်စရာမကောင်းဘူးလား
ဂိုဒေါင်ငှားစားတဲ့သူလို
ဘဝကို ငှားစားကြ
တနေ့ဘယ်လောက် တလဘယ်လောက်
တဘဝလုံးဘယ်လောက်။

ပျော်စရာမကောင်းဘူးလား
ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ရင်း
ချစ်ကြည်ညိုစရာကောင်းလွန်းလို့
လက်သီးတွေသာ ပစ်သွင်းလိုက်ရ။

တင်မင်းထက် 
ဝ၉.ဝ၁.၁၃

2 comments:

ညိုလေးနေ January 10, 2013 at 1:12 PM  

ပျော်စရာ အကောင်းသား
တန်းစီထွက်လိုက်ကြ၊
မီးတွေသတ်လိုက်ကြ၊
ငှားစားနေကြတာ
တစ်ယောက်တည်းမဟုတ်မှန်း သိလိုက်ရ။

လင်းဒီပ January 10, 2013 at 9:24 PM  

ပျော်စရာကောင်းပါရဲ့ဗျာ...
တစ်နေ့ဘယ်လောက်...
တစ်လဘယ်လောက်...
တစ်ဘဝလုံး ဘယ်လောက်နဲ့လေ ။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP