Apr 16, 2014

အသည်းပုံသစ်ရွက်

နှစ်ကာလတွေသိပ်ကြာတော့
ဘာကိုမှကောင်းကောင်း မမှတ်မိတော့ဘူး။

အသည်းပုံသစ်ရွက်ကသာ
မီးလောင်ရာတခုလို စွဲထင်နေခဲ့တယ်။

ခမ်းနားမှု
ငယ်ဘဝရဲ့ ခမ်းနားမှုတိုင်လုံးများ။

မှန်ကွဲစများ
မီးသတ်ကားမှန်ကွဲစများ ပြန့်ကျဲ။

သူငယ်ချင်း
မမေ့ပေမယ့်ပျောက်သွားသူ သူငယ်ချင်း။

မြေနီလမ်းလေး
တောခြောက်သံတွေက မြေနီလမ်းတလျှောက်။

လေထီးခုန်နည်းမသင်ခဲ့ဘဲ
စာသင်ခန်းနောက်ပေါက်ကနေ ခုန်ချခဲ့တယ်။

အမှတ်သည်းခြေကြီးသလောက်
မေ့မေ့ပျောက်ပျောက်။

တင်မင်းထက်
၂၀၁၄

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP